Kyarlay.com

over 1 year

ဘေဘီလေးတို့အတွက် ရွှေဖယုံအနှစ် ဖြည့်စွက်စာပြုလုပ်နည်း ..


Gotwycwujwaeo7514quy

မေမေတို့ရေ ဘေဘီလေးတွေအတွက် ရွှေဖယုံသီးအနှစ်ဖြည့်စွက်စာလေးကို ပြင်ဆင်ပေးမယ်နော်။ အာဟာရဓာတ်ပြည့်ဝပြီး ဗီတာမင်တွေကြွယ်ဝတဲ့ အစားအစာလေးတစ်ခုကို မေမေတို့က ပြင်ဆင်ကျွေးလိုက်ရအောင်နော်။

ပါဝင်ပစ္စည်းများ ..
- ရွှေဖယုံသီး ... ၂ စိတ်
- ပန်းသစ်တော်သီး ... ၁ လုံး
- သလဲသီး ... ၁ လုံး

ပြင်ဆင်ပြုလုပ်နည်း ..
- ဦးစွာ ရွှေဖယုံသီးကို အစေ့ထုတ်အခွံခွာပြီး အတုံးလေးများတုံးထားပါ။
- ပေါင်းအိုးထဲမှာ ၁၀ မိနစ်ခန့် ရွှေဖယုံသီးတုံးများကို ထည့်ပေါင်းပါ။
- ပန်းသစ်တော်သီးကို ရေစင်အောင်ဆေးပြီး အတုံးလေးများတုံးထားပါ။
- ရွှေဖယုံသီးပေါင်းအိုးထဲမှာ ၅ မိနစ်ခန့်ထပ်မံထည့်ပေါင်းပါ။
- ပြီးလျှင် မီးဖိုပေါ်မှာချပြီး အအေးခံပါ။
- Blender ထဲမှာ ရေဖယုံသီး၊ ပန်းသစ်တော်သီးပေါင်းထားသည့် အတုံးလေးများကို ထည့်ပါ။ သလဲသီးကို အစေ့လေးများခြွေပြီးထည့်ပါ။ အနံ့အရသာအတွက် အမွှေးအကြိုင်မှုန့်အနည်းငယ်ထည့်ပြီး မွှေပါ။
- ပြီးလျှင် စစ်ခွက်လေးနဲ့သလဲသီးစေ့များမပါစေရန် စစ်ပြီးအနှစ်ယူပါ။
- အအေးခံပြီး ဘေဘီလေးတွေကို ကျွေးမွေးနိုင်ပြီဖြစ်ပါတယ်။

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)