မေမေတို့ရေ သားသားမီးမီးလေးတေွ အားလည်းရှိပြီး စားလို့ကောင်းမယ့် သီးစုံငါးနို့ပေါင်းဖြည့်စွက်စာလေးကို ဒီနေ့အတွက် စားစရာအဖြစ် ပြင်ဆင်ပေးလိုက်ရအောငေ်နာ်။
ပါ၀င်ပစ္စည်းများ ...
- တူနာငါး (သို့) ငါးအသားလွှာ ... ၅ ကျပ်သား
- မိခင်နို့ (သို့) နွားနို့ ... ရေသန့်ဗူးတစ်ဝက်
- အာလူး ... အရွယ်တော် ၂ လုံး
- မုန်လာဥနီ ... အရွယ်တော် ၂ ဥ
- ချိစ်အမှုန့် ... စားပွဲတင်ဇွန်း ၂ ဇွန်း
- တရုတ်နံနံပင် ... အနညး်ငယ်
ပြင်ဆင်ပြုလုပ်နည်း ...
- ဦးစွာ ငါးအသားလွှာများကို ရေစင်အောင်ဆေးပါ။ အိုးသန့်သန့်ထဲသို့ ငါးအသားလွှာထည့်ပြီး အပေါ်မှာ နွားနို့များ လောင်းထည့်ပါ။
- ပြီးလှျင် အပေါ်ယံ၌ တရုတ်နံနံပင်များထည့်ပြီး ပေါင်းပါ။
- အာလူး၊ မုန်လာဥနီကို အခွံခွာရေစင်အောင်ဆေးပြီး အတုံးလေးများတုံးပြီး ပေါင်းပါ။
- ငါးအသားလွှာပေါင်းကို မီးဖိုပေါ်မှချပြီး တရုတ်နံနံပင်များကို ဖယ်ထုတ်ပါ။
- ငါးဖတ်များကို ဆယ်ယူကာ နွားနို့ အနည်းငယ်နှင့်ရော၍ blender ဖြင့်ကျိတ်ပြီး ပန်းကန်လုံးသန့်သန့်ဖြင့်ထည့်ထားပါ။
- အသီးအနှံပေါင်းကို မီးဖိုပေါ်မှချပြီး blender ထဲတွင် လက်ကျန်နွားနို့၊ ချိစ်အမှုန့်များဖြင့်ရော၍ ကျိတ်ချေပါ။
- ပြီးလှျင် ငါးပေါင်းထည့်ထားသည့်ပန်းကန်ထဲသို့ထည့်ပြီး ရင်သေွးငယ်များကို ပြင်ဆင်ကျေွးမေွးနိုင်ပါပြီ။
(အသက် ၆ လနှစ်အထက် ကလေးငယ်များကို ကျေွးမေွးနိုင်ပါတယ်)
မိခင်နဲ့ကလေးများအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)