ရင်သေွးလေးရပြီဆိုရင် ဖေဖေရော၊ မေမေရော အရမ်းကို ပျော်ရွှင်ရပါတယ်။ ရင်သေွး လေးကို ကျန်းမာရေးစောင့်ရေှာက်မှု ခံယူရန် သားဖွွား မီးယပ်ဆရာဝန်ဆီကို သွားပြီး ကိုယ်ဝန်အပ်နှံပေးရပါမယ်။ ဆရာဝန်ဆီသွားပြီး လုံမလုံ ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။ သားအိမ်ဝ မလုံဘူးဆိုတာ ဖြစ်တတ်ပါတယ်။ သားအိမ်ဝ မလုံလှျင် ကိုယ်ဝန်အသက် (၃) လနှင့် (၇)လအကြားမှာ ကလေးပျက်ခြင်း၊ လမစေ့ဘဲ မေွးဖွားခြင်း၊ များ ဖြစ်တတ်ပါတယ်။
သားအိမ်ဝဟာ သားအိမ်ရဲ့ ညှစ်အားမလိုဘဲ အလိုလို ပွင့်လာပြီး ရေမြွှာအိတ်ပေါက်သွားတတ်ပါတယ်။ ရေဆင်းလာပြီး ဗိုက်သိပ်မနာလိုက်ရဘဲ ကလေးက သူ့အလိုလို ခဏလေးနဲ့ ထွက်သွားတတ်ပါတယ်။ လနုနုလေးနှင့် ကလေးစောမေွးပြီး ကလေးအဖက်မတင်ဖြစ်သွားတတ်ပါတယ်။
သားအိမ်ဝ မလုံရင်တော့ ကလေးယူတိုင်း ဒီပြဿနာတေွ ထပ်တလဲလဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကလေးထပ်ယူရင် ကလေးအဖက်တင်ဖို့ နေ့စေ့လစေ့ ရောက်ဖို့ သားအိမ်ဝကို ပြန်ချုပ်ဖို့လိုပါတယ်။ ကလေးမေွးခါနီးအချိန်ရောက်ရင် သားအိမ်ဝ ချုပ်ထားတာကို ပြန်လည် ဖြေပေးရပါတယ်။ သားအိမ်ဝ မလုံတာတေွ ဖြစ်ခဲ့ရင်တော့ သားဖွားမီးယပ်အထူးကု ဆရာဝန်တေွနှင့် တိုင်ပင်ရပါမယ်။
Ref : မေ့ရင်သေွး