မေမေတို့ရေ ကိုယ့်ရဲ့မွေးကင်းစရင်သွေးငယ်လေးကို ချစ်လို့ခင်လို့လာရောက်ပြီးသတင်းမေးကြတဲ့အခါ၊ မိသားစုဝင်တွေက ချစ်ခင်လို့ချီပိုးကြတဲ့အခါ သတိပြုသင့်တာလေးတွေကို ကျားလေးက မျှဝေပေးချင်ပါတယ်။
- မွေးကင်းစကလေးငယ်များကို ထိတွေ့ကိုင်တွယ်မည့် မည်သူမဆို (မိခင်အပါအဝင်) လက်ကို လက်သန့်ဆေးဖြင့်ဆေးကြောပြီးမှ ကိုင်တွယ်ထိတွေ့သင့်ပါတယ်။ (နုနယ်တဲ့ကလေးအရေပြားမှတဆင့် ရောဂါပိုးများဝင်ရောက်နိုင်သည့်အတွက်ပါ)
- ပြင်ပမှလာရောက်သူများအနေဖြင့် ကလေးငယ်ထားရှိရာအခန်းတွင်းသို့ မဝင်ရောက်မီ အခန်းဝတွင် ဖိနပ်ချွတ်ထားခဲ့ရန်လိုအပ်ပါသည်။
- ကလေးငယ်များကို ဓာတ်ပုံရိုက်ကူးခြင်းမပြုပါနှင့်။ (ရိုက်ကူးမည်ဆိုပါက ခပ်ခွာခွာမှသာ flash မီးပိတ်ပြီးရိုက်ပါ)
- ကလေးငယ်ကို နို့တိုက်ချိန်နှင့် သန့်ရှင်းရေးပြုလုပ်ချိန်မှလွဲ၍ မကြာခဏ ထိတွေ့ကိုင်တွယ်ချီပိုးနေခြင်းများ မပြုလုပ်သင့်ပါ။
မေမေတို့ရေ ကလေးငယ်တွေဟာ နုနယ်လွန်းတဲ့အတွက် ရောဂါပိုးမွှားတွေအလွယ်တကူ ၀င်ရောက်နိုင်ပါတယ်။ အဲ့ဒါကြောင့် ကလေးလေးတွေနဲ့ပတ်သက်ပြီး မိသားစုတွေအားလုံးက ဂရုတစိုက်နဲ့ သန့်ရှင်းရေးကျန်းမာရေးအတွက် ဆောင်ရွက်ပေးကြပါနော်။
မိခင်နဲ့ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး