မေမေတို့ရေ ကလေးတေွရဲ့ ထက်မြက်မှုနဲ့ အာဟာရပြည့်ဝစေဖို့အတွက် ဟင်းနုနွယ်ထမင်းပေါင်း ဖြည့်စွက်စာလေးကို ဒီနေ့အတွက် စီမံပေးလိုက်ရအောင်နော်။
ပါ၀င်ပစ္စည်းများ ...
- အားဖြည့်ဆန် ... စားပွဲတင်ဇွန်း ၁ ဇွန်း
- ပဲဝါလေး ... စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူ ... ၁ တက်
- ဇီယာမှုန့် (သို့) ဇီယာစေ့ ... အနည်းငယ်
- ဟင်းနုနွယ်ရွက် (အရွက်သီးသန့်) ... ဟင်းချိုသောက်ပန်းကန်လုံး ၁ လုံး
- ရေ ... အနည်းငယ်
- ဆား ... အနည်းငယ်
- ငြုပ်ကောင်းမှုန့် ... အနည်းငယ်
- ဆီ ... လက်ဖက်စားဇွန်း ၁ ဇွန်း
ပြင်ဆင်ချက်ပြုတ်နည်း ...
- ဦးစွာ အားဖြည့်ဆန်နှင့် ပဲဝါလေးကို ရေစင်အောင်ဆေးပြီး အိုးသန့်သန့်ထဲသို့ထည့်ပါ။
- ကြက်သွန်ဖြူ၊ ဇီယာတို့ကိုထည့်ပါ။ ဟင်းနုနွယ်ရွက်များကို ရေစင်အောင်ဆေးပြီးထည့်ပါ။
- ရေအနည်းငယ်ထည့်ပြီး ပေါင်းအိုးဖြင့့် ၅ မိနစ်ခန့် ပေါင်းပါ။
- ပေါင်းပြီးလှျင် မီးဖိုပေါ်မှချပြီး အားလုံးကို သမအောင်ကျိတ်ချေပေးပါ။
- ပြီးလှျင် ဆား၊ ငြုပ်ကောင်းမှုန့်၊ ဆီထည့်မေွှပြီး ရင်သေွးငယ်လေးများကို စိတ်ကြိုက်ကျေွးနိုင်ပါပြီ။
(မှတ်ချက်-အသက် ၁၀ လနှင့်အထက် ကလေးများအတွက်)
မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)