မေမေတို့ရေ ကိုယ်ဝန်ဆောင်ကာလလွန်မြောက်လို့ ရင်သေွးလေးကို မေွးဖွားပြီးပြီဆိုတာနဲ့ မေမေတို့တေွမှာ ဘယ်လိုအခက်အခဲမျိုးတေွကို ကြုံတေွ့ရတတ်တယ်ဆိုတာကို မေ့ရင်သေွးမဂ္ဂဇင်းမှာဖော်ပြထားတဲ့ သိမှတ်ဖွယ်ရာလေးတေွအတိုင်း ကျားလေးကနေမှျဝေပေးမယ်နော်။
မေမေတို့အနေနဲ့ မေွးဖွားပြီးချိန်မှာ အိပ်ရေးပျက်ရတတ်ပါတယ်။ ညညကလေးနို့တိုက်ရချိန် နို့သီးခေါင်းတေွနာတာ၊ နို့မထွက်ရင်လည်း အခက်တေွ့ရတာတေွအများကြီးပါပဲ။ သားအိမ်ကိုက်တဲ့ဝေဒနာကိုလည်း ခံစားရတတ်ပါတယ်။ ရိုးရိုးမေွးတဲ့မေမေတေွဆိုရင်လည်း မေွးဖွားထားတဲ့နေရာကနာတာ၊ ဗိုက်ခွဲမေွးရင်လည်း ချုပ်ရိုးကနာတာတေွကို ခံစားကြရပါတယ်။ အဓိကကတော့ ဘယ်လိုပဲမေွးမေွး မေမေတို့က သန့်ရှင်းအောင်ထားပေးဖို့လိုအပ်ပါတယ်နော်။ ဆီး၊ ၀မ်းမချုပ်အောင်လည်း ဂရုစိုက်ကြရပါသေးတယ်။
အာဟာရဖြစ်အောင်စားသုံးဖို့လည်း လိုအပ်ပါတယ် မေမေတို့ရေ။ နောက်ပြီး ညညတေွ ကလေးနို့ဆွဲချိန်တေွ၊ နို့တိုက်ချိန်တေွမှာ မေမေတေွကအိပ်ရေးပျက်တဲ့အတွက် ကလေးအိပ်တဲ့အချိန် မေမေတို့ကလည်း ဖြစ်အောင်အိပ်ဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်။
ဒါပေမယ့်လည်း မေမေတို့တေွအားလုံးက အဲ့ဒီဝေဒနာတေွအားလုံးကို သားသားမီးမီးလေးတို့ရဲ့ မျက်နှာလေးကိုကြည့်ပြီး အပန်းဖြေကြရတာမဟုတ်လား။ မေမေတို့ရဲ့ဝေဒနာတေွ ပြေပျောက်စေဖို့အတွက် ဖေဖေတို့ကလည်း ခွန်အားတေွပေးလိုက်ကြပါဦးနော်။
မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)