Kyarlay.com

over 1 year

၁ နှစ်အထက် ကလေးငယ်များအတွက် ကြက်ဥထမင်းလှော်ပြုလုပ်နည်း


Rou8ki4oryszxc36nuhs

မေမေတို့ရေ သားသားမီးမီးတို့တွေအကြိုက်တွေ့ပြီး စားလို့ကောင်း ခံတွင်းမြိန်စေမယ့် ကြက်ဥထမင်းလှော်နည်းလေးကို မျှဝေပေးချင်ပါတယ်။ ဘေဘီလေးတွေအတွက်ဆိုတော့ ဆီတွေအများကြီးသုံးဖို့မလိုဘဲ ထမင်းလှော်ပုံစံလေးပြုလုပ်မှာပါနော်။

ပါဝင်ပစ္စည်းများ ..
- ထမင်း ... ဆန် (၁) လုံးချက်
- ကြက်သွန်နီ ... ၁ ဥ (အခွံခွာရေဆေးပြီး နုတ်နုတ်စင်းထားပါ)
- ကြက်ဥ ... ၁ လုံး
- ဇီရာစေ့ ... အနည်းငယ်
- ဆား ... အနည်းငယ်
- နနွင်း ... အနည်းငယ်
- သံလွင်ဆီ ... အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း ...
- ဦးစွာအိုးသန့်သန့်ထဲသို့ သံလွင်ဆီအနည်းငယ်ထည့်ပြီး အပူပေးပါ။
- ဇီရာစေ့ထည့်လှော်ပါ။ ကြက်သွန်နီထည့်ပြီး နနွင်းထည့်ဆီသတ်ပါ။
- ပြီးလျှင် ကြက်ဥဖောက်ထည့်ပြီးမွှေပြီးလျှင် ထမင်းထည့်ပြီး လှော်ပေးပါ။
- ဆားထည့်ပြီး မွှေပေးပါ။
- ထမင်းအရောင်တက်လာပြီး အနံ့မွှေးလာပါက မီးဖိုပေါ်မှချ အအေးခံပြီး ကလေးငယ်များကို ကျွေးမွေးနိုင်ပြီဖြစ်ပါတယ်။
(အသက် ၁ နှစ်အထက်ကလေးများအတွက် သင့်တော်ပါသည်)

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)