ကိုယ်ဝန်ရိှနေပြီလို့ ယူဆပြီး ဆရာဝန်သွားပြတဲ့အခါ ကိုယ်ဝန် ဘယ်နှစ်ပတ်ရိှနေပြီ ဆိုတာကို ဆရာဝန်က တွက်ချက်ပေးလေ့ရှိပါတယ်။ ဒါပေမယ့် ဘယ်နေ့မှာ စပြီး ကိုယ်ဝန်ဆောင်တယ် ဆိုတာကိုတော့ ကိုယ့်ကိုယ်ကိုယ် တွက်ချက် သိချင်ကြမှာပါပဲ။ မိမိ ကိုယ်ဝန် ဘယ်နှပတ်မြောက် ဆိုတာကို ရာသီနောက်ဆုံး လာတဲ့ ပထမရက်က တစ်ဆင့်တွက်ချက်ပြီး သိနိုင်ပါတယ်။ အဲဒီ ရက်က ကိုယ်ဝန်မဆောင်ခင် နှစ်ပတ်ခန့်အလို အချိန်လည်း ဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ခြင်းနှင့် ရာသီစက်ဝန်းဖြစ်စဉ်အဆင်ဆင့် ကို အရင် လေ့လာကြည့်ရအောင်
-----------------------------------------------------------------------------------------------------
ကိုယ်ဝန်ဆောင်ဖို့ဆိုတာ အရင်ဆုံး မမျိုးဥကြေွတဲ့ ဖြစ်စဉ် ဖြစ်ပေါ်ရပါတယ်။
မမျိုးဥကြေွှခင်း
---------------------
မျိုးဥအိမ်ထဲမှာ မမျိုးဥလေးတေွက လစဉ်ဖြစ်ပေါ် ရှင်သန်လာလေ့ရိှပြီး ရာသီ နောက်တစ်ခါ မလာခင် နှစ်ပတ်ခန့်အလိုမှာ မမျိုးဥတေွထဲက တစ်ဥ ကြေွကျလေ့ရိှပါတယ်။မမျိုးဥကြေွှပီး ကျန်ခဲ့တဲ့ အခံွက ဟော်မုန်းတစ်မျိုး ထုတ်လုပ်ပြီး အဲဒီ ဟော်မုန်းက သားအိမ်နံရံကို ထူစေပြီး ကြေွထားတဲ့ မမျိုးဥလေး တွယ်ကပ်နိုင်စေဖို့ အဆင်သင့် ဖြစ်အောင်ဖန်တီးပေးပါတယ်။ကြွကျလာတဲ့ မမျိုးဥလေးက သားဥပြွန်တစ်လျောက် ကူးခတ်သွားလာနိုင်ပြီး ၂၄ နာရီအတွင်းမှာ အဲဒီပြွန်အတွင်းမှာ သုတ်ကောင်နဲ့ တေွ့ဆုံပြီး သန္ဓေအောင်ဖို့ စောင့်စားနေတတ်ပါတယ်။အပေါ်မှာ ဖော်ပြထားတဲ့ အဆင့်တေွက နောက်ဆုံး ရာသီလာပြီး နှစ်ပတ်ခန့်အကြာမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ဖြစ်နိုင်ခြေ နှစ်မျိုးရိှပါတယ်။
ဖြစ်နိုင်ခြေ နှစ်မျိုးကဘာများလဲ
---------------------------------------
တစ်မျိုးကစောင့်စားနေချိန်အတွင်း သုတ်ပိုးမရောက်ဘူးဆိုရင် မမျိုးဥလေးက သားအိမ်အထိ တဖြည်းဖြည်း ဆင်းလာပြီး ပြိုကွဲသွားပါတယ်။ အဲလိုဆိုရင် အစောပိုင်းက ထွက်ထားတဲ့ ဟော်မုန်းဓာတ်ကလည်း မူလ အခြေအနေကို ပြန်ငြိမ်သွားပါတယ်။ သန္ဓေမအောင်ခဲ့တာကြောင့် သန္ဓေသားအတွက် ရည်ရွယ်ထားတဲ့ သားအိမ်နံရံအထူလွှာတေွက ကွာကျလာပါတယ်။ ဒီလို ကွာကျလာတဲ့ သားအိမ်နံရံအပိုင်းအစတေွကို မိန်းမကိုယ်ကနေ ရာသီသေွး အဖြင့်စွန့်ထုတ်ပေးပါတယ်။
နောက်ဖြစ်နိုင်ချေတစ်မျိုးကတော့
----------------------------------------
ဒီလို စောင့်စားနေခိုက်တွင် မမျိုးဥနဲ့ သုတ်ကောင်တေွ့ရိှပြီး သန္ဓေအောင်နိုင်ပါတယ်။ မေွးဖွားလာမယ့် ကလေး မိန်းကလေးဖြစ်တယ်၊ ယောကျ်ားလေးဖြစ်တယ် ဆိုတာကို ဒီအဆင့်မှာ ခွဲခြားပါတယ်။သုတ်ပိုးက မမျိုးဥအထဲကို ပေါင်းဝင်သွားပြီး တဖြည်းဖြည်း အဆင့်ဆင့် ဖွံ့ဖြိုးကာ သန္ဓေသား ဖြစ်ပေါ်လာပါတယ်။သန္ဓေအောင်တဲ့အခါ နောက်တစ်ဆင့် အနေနဲ့ သန္ဓေသားက မိခင်ရဲ့ သားအိမ်မှာ တွယ်ကပ်ရတဲ့ အဆင့် ဖြစ်လာပါတယ်။
သန္ဓေတွယ်ကပ်ခြင်း
------------------------
သန္ဓေအောင်ပြီးသား မမျိုးဥက သားဥပြွန်ထဲတွင် ၃-၄ ရက် ဆက်နေရင်း သားအိမ်ဆီကို တရေွ့ရေွ့ ခရီးဆက်လာပါတယ်။ သားအိမ်နံရံကို တွယ်ကပ်နိုင်မယ့် နေရာရောက်တဲ့အခါ တွယ်ကပ်ထားလိုက်ပါတယ်။ ဒီဖြစ်စဉ်ကို သန္ဓေတွယ်ခြင်းလို့ ခေါ်ပါတယ်။သန္ဓေတွယ်ပြီး၂ ရက်ခန့်မှာ သေွးအနည်းငယ် ဆင်းလေ့ရိှပါတယ်။ ဒါ ပုံမှန် ဖြစ်စဉ်သာ ဖြစ်ပါတယ်။သားအိမ် နံရံပိုထူလာပြီး သားအိမ်ခေါင်းမှာလည်း ထူပစ်တဲ့ ချွဲမြေှးတို့နဲ့ ပိတ်ဆို့ထားစေပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်တလျောက် ဒီအတိုင်း ဖြစ်နေမှာ ဖြစ်ပါတယ်။သန္ဓေတွယ်ကပ်ပြီဆိုရင် သေွးထဲမှာ hCG လို့ ခေါ်တဲ့ ကိုယ်ဝန်ရိှချိန် ထွက်တဲ့ ဟော်မုန်းတစ်မျိုး ထွက်လာပါတယ်။ အဲဒီ ဟော်မုန်းဓာတ်ကိုတိုင်းပြီး ကိုယ်ဝန် ရိှ၊ မရိှ သိနိုင်ပါတယ်။ သန္ဓေတွယ်ကပ်ချိန်ကနေ နှစ်ပတ်ခန့်က စပြီး စစ်ဆေးနိုင်ပါတယ်။
ကိုယ်ဝန်ရိှနေပြီဆိုရင်တော့ ဒီလို လက္ခဏာတေွလည်းတေွ့နိုင်ပါတယ်
----------------------------------------------------------------------------------
ဗိုက်ထဲတစ်မျိုး ဖြစ်ခြင်း
သေွးတစ်စက်၊ နှစ်စက်ဆင်းခြင်း
မူးဝေခြင်း
မနက် အိပ်ရာထခါစတွင် ပျို့အန်ခြင်း
ဆီး ခဏခဏသွားခြင်း
စိတ် အပြောင်းအလဲ မြန်လာခြင်း
ခါးနာခြင်း
ဝမ်းချုပ်ခြင်း စတာတေွ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန် ရိှ၊ မရိှ သေချာစေဖို့ အာထရာဆောင်း ရိုက်တာ၊ သေွး၊ ဆီး တို့မှာ hCGဟော်မုန်းစစ်တာတေွကိုတော့ မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
ကဲ ကိုယ်ဝန်ကိုဘယ်နေ့က စပြီး ဆောင်လဲဆိုတာ တွက်ကြည့်တာအပြင် ကိုယ်ဝန်ဆောင်တဲ့ အဆင့်ဆင့် ဖြစ်စဉ်ကိုလည်း ဖော်ပြပေးထားတာဖြစ်လို့ ဗဟုဟုတများစွာရရှိဖို့ မေှျာ်လင့်ရပါတယ်။
#Ref... ဒေါက်တာချစ်စန္ဒီကျော်
#ရှမ်းပုတ်(မိုမိုလေး)