မီးဖွားပြီးနောက် အနှိပ်ခံခြင်းမှာ ကောင်းကျိုးများစွာရှိပါတယ်။ အချို့သော အနှိပ်သည်များဟာ မီးဖွားပြီး ၆ပတ်ကျော်မှသာ နှိပ်နယ်ပေးကြပါတယ်။ သင့်မှာ သွေးခဲခြင်းဝေဒနာ ရှိခဲ့ဖူးရင်တော့ အနှိပ်မခံဖို့ ဆရာဝန်များက တိုက်တွန်းကြပါလိမ့်မယ်။
သာမန်အားဖြင့် အနှိပ်ခံခြင်းက နာကျင်မှု သက်သာစေခြင်း ၊ စိတ်ဖိစီးမှု လျော့ကျခြင်း ၊ အနားရခြင်းတို့ ရရှိစေပါတယ်။ မီးဖွားပြီးတဲ့ မိခင်လောင်းများကတော့ ဒီ့ထက်ပိုကောင်းတဲ့ အကျိုးကျေးဇူးတွေကို ရရှိပါတယ်။
မီးဖွားပြီးခါစမှာ ဖြစ်ပေါ်လာတတ်တဲ့ ရောင်ရမ်းမှုတွေကို နှိပ်နယ်ခြင်းဖြင့် လျှော့ချပေးနိုင်ပြီး ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ မိခင်နို့တိုက်ကျွေးမှုအတွက် နို့ထုတ်လုပ်မှုကိုလည်း တိုးတက်လာစေပါတယ်။
လတ်တလောမီးဖွားထားတဲ့ မိခင်တွေမှာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။ အနှိပ်ခံခြင်းက စိတ်ဖိစီးမှုများကိ လျော့နည်းစေပါတယ်။ အနှိပ်ခံလိုက်ရခြင်းကြောင့် မိခင်များရဲ့ အိပ်စက်ခြင်းကို ပိုမိုကောင်းမွန်စေပါတယ်။
HYA (kyarlay)