မွေးကင်းစကလေးအားလုံးဟာ မိခင်နို့ရည်တိုက်ကျွေးခြင်းဟာ အရေးပါပြီး လမစေ့ဘဲ မွေးဖွားလာတဲ့ ရင်သွေးတွေမှာ ပိုပြီး အရေးပါတာ တွေ့ရပါတယ်။ မိခင်နို့ရည်ဟာ အာဟာရဓာတ်အပြင် ကယ်လိုရီ ၊ ဗီတာမင် ၊ ကူးစက်ရောဂါများမှ ကာကွယ်ပေးသောဆဲလ်များပါဝင်ပါတယ်။
လမစေ့ဘဲ မွေးလာတဲ့ ကလေးတွေဟာ ကိုယ်ခံစွမ်းအား နည်းပါးတာကြောင့် ရောဂါကူးစက်မှုနှုန်း မြင့်မားပါတယ်။ အဆိုပါကလေးများကို ဖော်မျူလာနို့မှုန့်တိုက်ကျွေးခြင်းထက် မိခင်နို့တိုက်ကျွေးခြင်းသာ ပိုမိုအကျိုးရှိပါတယ်။
ကလေးငယ်အား နို့တိုက်ကျွေးမယ့် အစီအစဉ်ကို ဆေးးရုံမှာကတည်းက သေသေချာချာ မေးမြန်းထားပါ။ လမစေ့ဘဲ မွေးလာတဲ့ ကလေးများဟာ ဆေးရုံမှာ ချက်ချင်းနို့တိုက်ဖို့ အဆင်သင့်မဖြစ်နိုင်သေးဘဲ နို့ဗူးဖြင့် တိုက်ကျွေးခြင်းမှတဆင့် သတ်မှတ်ထားသော ကိုယ်အလေးချိန်ရောက်မှသာ မိခင်နို့ စတိုက်ခွင့် ရမှာဖြစ်ပါတယ်။
နို့စတိုက်ခွင့် ရတာနဲ့ သင့်ရင်သွေးကို မကြာခဏ နို့တိုက်ကျွေးဖို့ ပြင်ဆင်ပါ။ တစ်ကြိမ်တွင် အနည်းငယ်သာတိုက်ပြီး မကြာမကြာ တိုက်ပေးပါ။
HYA (kyarlay)