သင့်ပတ်ဝန်းကျင်မှာ ပုံမှန်သုံးစွဲတဲ့ ရေအရင်းအမြစ်ဟာ သင့်ရင်သွေးရဲ့ ကျန်းမာရေးနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ မသန့်စင်သောရေကြောင့် သင့်ရင်သွေးမှာ ကျန်းမာရေးပြဿနာများ ကြုံတွေ့လာရနိုင်ပါတယ်။
အမေရိကန်သွားဘက်ဆိုင်ရာအသင်းကတော့ ဖော်မြူလာနို့မှုန့်များ ဖျော်စပ်ရာတွင် ဖလိုရိုက်ပမာဏများသော ရေကို အသုံးမပြုဖို့ အကြံပြုထားပါတယ်။ ဖလိုရိုက်ပမာဏ မြင့်မားစွာပါဝင်တဲ့ရေဟာ ရင်သွေးငယ်ရဲ့ သွားဖုံးတွင်း ဆိုးကျိုးများစွာ သက်ရောက်စေနိုင်လို့ပါပဲ။
သင်တို့မိသားစုဟာ အများစုရေပေးစနစ်တွင် ပါဝင်နေပြီး သုံးစွဲသောရေသည် ဖလိုရိုက် ၀.၇ mg/l နှင့်အထက် ဖြစ်နေပါက အခြားရေကို ပြောင်းသုံးဖို့ အကြံပြုလိုပါတယ်။ ပြောင်းသုံးရန်ခက်ခဲပါက ရင်သွေးငယ်လေးအတွက် သီးသန့် ဖလိုရိုက်ပမာဏနည်းသော ရေကို ကုန်စုံဆိုင်များတွင်ဝယ်ပြီး အသုံးပြုပါ။
ရေသန့်စင်စက်များဟာ ဖလိုရိုက်ကို လျော့ချပေးနိုင်တာကြောင့် အဆိုပါစက်ရှိသော အိမ်များအတွက်တော့ အဆင်ပြေပါတယ်။ သင့်ရင်သွေးအား ကျန်းမာရေးစောင့်ရှောက်မှုပေးသူက ဖော်မျူလာနို့မှုန့်အတွက် ရေနွေးကို အသုံးပြုခိုင်းပါက ရေကိုတစ်မိနစ်ခန့် ဆူပွက်အောင်ကျိူပါ။ တစ်ကြိမ်ထက်ပိုမကျိုပါနှင့်။ အနည်နှင့် အညစ်အကြေးများ ထလာနိုင်ပါတယ်။
မိခင်နှင့်ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး