Kyarlay.com

over 1 year

၆ အတွက် ဖြည့်စွက်စာ ပြုလုပ်နည်း (ပန်းသီးနဲ့ ဂေါ်ဖီထုပ်စားစရာ)


Unp2aqkvp3qordgcwo7q

မေမေတို့ရေ ဘေဘီလေးတွေအတွက် အာဟာရပြည့်ဝစေမယ့် ပန်းသီးနဲ့ဂေါ်ဖီထုပ်စားစရာလေးကို မျှဝေပေးချင်ပါတယ်။
လိုအပ်တဲ့ပစ္စည်းများ ..
- အခွံနွှာပြီး ခြစ်ထားတဲ့ပန်းသီးတစ်လုံး
- သေးသေးနုပ်နုပ်လေးတွေဖြစ်အောင်ခြစ်ထားတဲ့ ခရမ်းရောင် ဂေါ်ဖီထုပ်တစ်ခွက်
- ရေဖန်ခွက်ရဲ့ လေးပုံတစ်ပုံ
- ရွှေရောင်စပျစ်ခြောက်စားပွဲတင်ဇွန်းတစ်ဇွန်း တို့လိုပါတယ်။

ဘေဘီလေးတွေကို ကျွေးဖို့အတွက်ကတော့ ရေကိုဆူနေအောင်အရင်ဆုံးတည်ပြီး ပါဝင်ပစ္စည်းတွေကို ၁၀ မိနစ်လောက်ပြုတ်ရမှာပါ။ ပြီးတဲ့အခါမှာ သန့်စင်တဲ့ ကျိတ်စက်နဲ့ကျိတ်ပြီး ကျွေးမွေးနိုင်ပြီဖြစ်ပါတယ်။ ဒီစားစရာလေးက ဘေဘီလေးတွေအတွက် အရမ်းကိုအာဟာရပြည့်ဝတဲ့စားစရာလေးပဲဖြစ်ပါတယ်။
(မှတ်ချက်။ ။ အသက် (၆) လပြည့်ပြီးမှသာစတင်ကျွေးမွေးနိုင်ပါတယ်)
Ref;HM (ကျားလေး)