သင့်ရင်သွေးငယ်လေး နေမကောင်းဖြစ်တဲ့အခါ ရှောင်ကြဉ်ရမယ့်အချက်များစွာ ရှိပါတယ်။
မွေးကင်းစကလေး သာမန်ဖျားနာခြင်း (သို့မဟုတ်) အလွန်အမင်းဖျားနာခြင်း မည်သို့ပင် ဖြစ်စေကာမူ ဆေးကုသခြင်းကို လုံးဝမနှောင့်နှေးစေရပါ။
ဆရာဝန်နှင့် တိုင်ပင်ခြင်း မပြုဘဲ မိမိဆန္ဒအလျောက် ဆေးတိုက်ခြင်း ၊ ဆေးထိုးခြင်းမျိုး မပြုလုပ်ရပါ။
လူကြီးများအတွက်သာ ရည်ရွယ်ထားသော ဆေးများကို ကလေးများအား မပေးသင့်ပါဘူး။
ရင်သွေးငယ်လေးရဲ့ ကိုယ်အပူချိန်ကို လျှော့ချဖို့အတွက် ရေခဲ သို့မဟုတ် အရက်များ မသုံးစွဲသင့်ပါ။
HYA (kyarlay)