ကလေးလေးကိုမွေးပြီးတဲ့ လအနည်းငယ်ကစပြီး မေမေတို့ရဲ့စိတ်တွေက ပြောင်းလဲလာကြပါတယ်။ Baby Blues ဆိုတာဟာ မွေးကင်းစမေမေတွေမှာဖြစ်တတ်တဲ့ စိတ်ကျရောဂါတစ်ခုပါ။ မေမေတွေဟာ ၀မ်းနည်းလွယ်မယ် ၊ အားငယ်မယ် ၊ စိတ်အရမ်းတိုတတ်မယ် ၊စိတ်အပြောင်းအလဲမြန်တာတွေဟာ ဒီရောဂါရဲ့လက္ခဏာတွေပါပဲ။
ကိုယ့်ရဲ့အမျိုးသမီးဟာ ဒီအချက်တွေ ခံစားနေရတယ်ဆိုရင် ဆေးခန်းသေချာပြသင့်ပြီး ဖေဖေတို့ကလည်းပိုပြီး သည်းခံပေးရပါမယ်။ မေမေတို့ရဲ့ စိတ်ခံစားချက်တွေက ပြင်းထန်နေချိန်မှာ ဖေဖေတို့နဲ့နားလည်မှုတွေလွဲနိုင်ပါတယ်။ ပြဿနာတစ်ခုခုဖြစ်ကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်အပြစ်မမြင်ကြပဲ ခေါင်းအေးအေးထားပြီးစဉ်းစား ဖြေရင်းရပါမယ်။
ဖေဖေ၊ မေမေတို့ရဲ့ ဘဝထဲကို ကလေးလေးရောက်လာတဲ့အခါ အတွေ့အကြုံသစ်တွေနဲ့ စိန်ခေါ်မှု အသစ်တွေဆိုတာ ကြုံရစမြဲပါ။ စိတ်ဖိစီးမှုတွေ ၊ပင်ပန်းမှုတွေနဲ့ ပြည့်နှက်နေတာမို့ စိတ်တွေဟာ မတည်ငြိမ်ကြပါဘူး။
မွေးကင်းစကလေးလေးတစ်ယောက်ကို မိဘ၂ယောက်စလုံးက ဂရုစိုက်ရတာမို့မေမေနဲ့ ဖေဖေဟာ တစ်ယောက်နဲ ့တစ်ယောက် ဂရုစိုက်ဖို့ အချိန်ဆိုတာမရှိတော့ပါဘူး။ ဒါကြောင့် လင်မယားတွေကြားမှာ ကလေးမရှိခင်တုန်းကလို ပျော်စရာအချိန်တွေ တူတူဖြတ်သန်းဖို့ဆိုတာ အခွင့်အရေးနည်းသွားခြင်းကလည်း စိတ်ကျရောဂါဖြစ်စေနိုင်တဲ့ အကြောင်းရင်းတစ်ရပ်ပါ။
HYA (kyarlay)