ရင်သွေးငယ်လေးကို အသက် ၆ လသားအထိ မိခင် နို့ရည် တစ်မျိုးတည်းကို တိုက်ကျွေးသင့်ပြီး ကလေးငယ်အတွက် လိုအပ်သော အာဟာရများကို ဖြည့်တင်းပေးနိုင်ရုံမက ကလေးငယ်ကို ရောဂါများမှ ကာကွယ်ရန်အတွက်လိုအပ်သော ကိုယ်ခံစွမ်းအားကိုပါ ဖြည့်တင်းပေးနိုင်ပါတယ်။ အသားကိုတော့ အသက် ၆လပြည့်ပြီးချိန်မှာ ဖြည့်စွက်စာအဖြစ် စကျွေးနိုင်ပါတယ်။
မိဘအများစုကတော့ ကလေးဝါးရန်လွယ်ကူသော အစာပျော့များဖြင့်သာ စတင်ကြပါတယ်။သို့ပေမယ့် အသားစကျွေး၍လည်း ပြဿနာတော့မရှိပါဘူး။ အသားမှာ ရင်သွေးလေးလိုအပ်တဲ့ ဇင့်ဓာတ်နဲ့ သံဓာတ်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။
ကလေးငယ်အစာအဖက် စားနိုင်တဲ့အချိန်က မွေးကင်းစ ကိုယ်အလေးချိန်ရဲ့ နှစ်ဆရှိတယ်လို့လည်း ကျွမ်းကျင်သူများက ဖော်ပြထားပါတယ်။ ရင်သွေးငယ်လေးက အသားကိုငြင်းဆန်တဲ့ အခါမျိုးမှာလည်း ကလေးငယ်ကြိုက်နှစ်သက်တဲ့ အစားအစာနဲ့တွဲဖက်ကျွေးသင့်ပါတယ်။ ကလေးငယ် မျိုချရလွယ်ကူစေရန် အမျှင် အတုံးသေးလေးများ အဖြစ် ပြင်ဆင်ပေးရန်တော့ သတိပြုရန်လိုအပ်ပါတယ်။