အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက နေလောင်ခံလိမ်းဆေးများရဲ့ ရေရှည်အကျိုးဆက်များကို လေ့လာချက်များ လုပ်ရန် လိုအပ်သေးတယ်လို့ဆိုထားပြီး နှစ်စဉ် လိမ်းဆေးဆီ အကြံပြုချက်အများအပြားထွက်တဲ့ အတွက် မိဘများက စိုးရိမ်စိတ်ထက် ရှုပ်ထွေးစိတ် ပိုများရပါတယ်။
တချို့မိဘများကတော့ နေလောင်ခံလိမ်းဆေးဆီကို စိုးရိမ်တဲ့အတွက် အင်္ကျီလက်ရှည်များကိုသာ ဝတ်ဆင်ပေးတတ်ကြပါတယ်။ မိခင်များရဲ့ ပြောကြားချက်များမှာလည်း နေလောင်ခံလိမ်းဆေးဆီက ကောင်းခြင်းထက် မကောင်းခြင်းက ပိုများနေပါတယ်။
ကျွမ်းကျင်သူများကတော့ ကလေးမိဘများ ကလေးငယ်ကို နေလောင်ခံလိမ်းဆေး မလိမ်းပေးမှာ စိုးရိမ်ကြပါတယ်။ အကြောင်းကတော့ နေလောင်ခံလိမ်းဆေးများက နေလောင်ဒါဏ်ကို ကာကွယ်ပေးနိုင်ရုံသာမက အရေပြားကင်ဆာကိုပါ ကာကွယ်ပေးနိုင်လို့ဖြစ်ပါတယ်။
ဆရာဝန်များကတော့ အောက်ဆီဘန်ဇုန်းမပါဝင်တဲ့ နေလောင်ခံလိမ်းဆေးဆီကို အကြံပြုကြပါတယ်။ အောက်ဆီဘန်ဇုန်းက ဟော်မုန်းပြဿနာများဖြစ်စေသော ဓာတ်တစ်မျိုးဖြစ်ပါတယ်။ တိုက်တေနီယမ်အောက်ဆိုဒ် နဲ့ ဇင့်အောက်ဆိုဒ် ပါဝင်တဲ့ နေလောင်ခံလိမ်းဆေးဆီများကလည်း အချို့ကလေးငယ်များမှာ ဓာတ်မတည့်သော တုံ့ပြန်မှုများတွေ့ရတဲ့အတွက် မိဘများအနေနဲ့ သတိပြုသင့်ပါတယ်။ ထို့အတွက် မှန်ကန်သောနေလောင်ခံလိမ်းဆေးဆီကို ရွေးချယ်ပေးသင့်ပြီး နေအရမ်းပူတဲ့အချိန်မျိုးမှာ အပြင်ထွက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။