ရာသီဥတုတေွ အရမ်းပူပြင်းလာတဲ့အခါ သူသူကိုယ်ကိုယ် အရင်ကထက် ပိုပြီးတော့ ရေဆာလာတတ်ကြပါတယ်။ အဲဒီထဲမှာလည်း နို့တိုက်မေမေတေွလည်း ပါပါတယ်။ သူတို့က သူတို့အပြင် ကလေးကိုလည်း နို့တိုက်ရတဲ့အတွက် တစ်နေ့တစ်နေ့ သူတို့တေွ ရေသောက်တာ လုံလောက်ပါမလား။ တကယ်လို့ သူတို့ ရေသောက်နည်းရင် ကလေးအတွက် နို့ထွက်ရော နည်းသွားမလားဆိုပြီး အရမ်းစိုးရိမ်တတ်ကြပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ မေမေတေွ တစ်နေ့ကို ရေဘယ်လောက် သောက်သုံးသင့်သလဲ ၊ မေမေတေွ ရေသောက်နည်းရင် ကလေးအတွက် ဘာဖြစ်နိုင်သလဲဆိုတာကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။
နို့တိုက်မေမေတေွ တစ်နေ့ကို ရေဘယ်လောက် သောက်သုံးသင့်သလဲ
----------------------------------------------------------------------------------
မေမေတေွက တစ်နေ့ကို အနည်းဆုံး နို့ ရ၅ဝ မီလီလီတာလောက် ထွက်ပါတယ်။ ဒါကြောင့် European Food Safety Authorityက တစ်နေ့တာ လိုအပ်ချက်အပြင် အပို ရ၀၀ မီလီလီတာလောက် ထပ်ဆောင်းသောက်ပေးဖို့ ပြောထားပါတယ်။ ဒါပေမယ့် နို့တိုက်ကျေှးရေး ပညာရှင်တေွကတော့ နို့တိုက်မေမေတေွ အနေနဲ့ ရေဆာတိုင်း သောက်တာအပြင် တစ်နေ့ကို ပုံမှန်ထက် နည်းနည်းပိုသောက်ပေးဖို့အတွက် ပြောထားပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တစ်နေ့တာ ရေလိုအပ်ချက်က မတူညီတဲ့အတွက် ဘယ်လောက်သောက်ဖို့ လိုသလဲဆိုတာကတော့ ပြောဖို့ခက်ပါတယ်။ အလွယ်ဆုံးနည်းလမ်းကတော့
၁။ ကိုယ်အလေးချိန်ကို တစ်ဝက် ဝက်ပါ။ ဒါမှသာ ကိုယ်သောက်ရမယ့် ရေရဲ့အောင်စကို ရမှာပါ။ ဥပမာ သင်က ပေါင်ချိန်(၁၄ဝ)ရှိတယ်ဆိုပါတော့ တစ်ဝက်ဝက်ရင် ရဝ ရပါမယ်။ ဒါဆို သင့်အနေနဲ့ တစ်နေ့ကို ရေ ရဝအောင်စလောက် သောက်ရမှာပါ။ ဒီကြားထဲမှာ ရေဆာရင်(သို့မဟုတ်) ချေှးထွက်များရင် ဒီထက်ပိုသောက်သုံးနိုင်ပါတယ်။
၂။ ဒီကိန်းဂဏန်းတေွ မတွက်တတ်ဘူးဆိုရင်လည်း ကလေးကို နို့မတိုက်ခင် တစ်ခါ(ဒါမှမဟုတ်) နို့တိုက်ပြီးတိုင်းမှာ တစ်ခါ ရေသောက်ပေးပါ။ ကြားထဲမှာလည်း ရေဆာတိုင်း သောက်ပေးနိုင်ပါတယ်။
၃။ နောက်တစ်ခုက ဆီးအရောင်ကို ကြည့်ပါ။ တကယ်လို့ ဆီးအရောင်ရင့်နေရင် ရေသောက်ဖို့ လိုအပ်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဆီးအရောင်ကြည်နေရင် ရေဓာတ်ပြည့်ဝနေပြီဆိုတဲ့ အဓိပ္ပါယ်ပါ။
၄။ အမြွှာအမေတေွကတော့ ရေပိုသောက်ဖို့ လိုပါတယ်။ အသေးစိတ်ကိုတော့ အာဟာရဆရာဝန်နဲ့ သေချာ အသေးစိတ်ဆေွးနေွးပါ။
ရေများများ သောက်ရင် တကယ်ပဲ နို့များများ ထွက်မှာလား
---------------------------------------------------------------
လူ တော်တော်များများ ထင်ကြတာတော့ ရေများများသောက်ရင် နို့များများ ထွက်မယ်ပေါ့။ ဒါနဲ့ပတ်သတ်ပြီး တစ်ထစ်ချ ပြောလို့မရပါဘူး။ သိပ္ပံနည်းကျလေ့လာထားတာလည်း မရှိပါဘူး။ အဓိကရေသောက်ခိုင်းရတဲ့ အကြောင်းရင်းက နို့မထွက်မှာ စိုးတာထက် သင်ရေဓာတ်မလုံလောက်မှာ စိုးလို့ပါ။ ကလေးက နို့စို့လေ နို့ပိုထွက်လေပါပဲ။ ကလေးနို့စို့ရင် ထွက်လာတဲ့ အောက်ဆီတိုစင် ဟော်မုန်းက သားအိမ်ကို ကျုံ့စေသလို နို့ပိုထွက်အောင်လည်း လုပ်ပေးပါတယ်။ ရှားရှားပါးပါး ရေသောက်များလို့ ရေဆိပ်သင့်တာ၊ ဆီးခဏခဏသွားရလွန်းလို့ နို့ရည်ထဲက ရေတေွပါ ပါပြီး နို့ထွက်နည်းသွားတာမျိုးတော့ ရှိတတ်ပါတယ်။
နို့တိုက်ချိန်မှာ ရေဓာတ်မလုံလောက်ရင် ကလေးအတွက် ဘာဖြစ်နိုင်သလဲ
-----------------------------------------------------------------------------
အဓိကကတော့ အမေမှာ ရေဓာတ်မလုံလောက်တဲ့ ပြဿနာ ဖြစ်လာမှာပါ။ နို့တိုက်ချိန်မှာ ရေဓာတ်မလုံလောက်စေတဲ့ အကြောင်းရင်းတေွ အများကြီးရှိပေမယ့် ရေလုံလုံလောက်လောက် မသောက်တာက အတေွ့ရအများဆုံး အကြောင်းရင်းပါပဲ။ ရေဓာတ်မလုံလောက်ရင်
၁။ နှုတ်ခမ်းတေွ ခြောက်လာမယ်
၂။ အသားတေွ ခြောက်ပြီး ယားလာမယ်
၃။ ခေါင်းမူးမယ်
၄။ ကြွက်တက်မယ်
၅။ နုံးမယ်
၆။ ခေါင်းကိုက်မယ်
ရ။ တဖြည်းဖြည်းနဲ့ အာရုံစူးစိုက်ရ ခက်လာမယ်
၈။ ပါးစပ် ခြောက်လာမယ်
ဒါဆိုရင် သင့်ခန္ဓာကိုယ်က ရေဓာတ်မလုံလောက်တာလို့ ကောင်းကောင်း အချက်ပြနေပါပြီ။ ဒါဆို မေမေတို့ရေအခုပဲ ရေသာ မြန်မြန်သွားသောက်လိုက်ပါတော့။
#Ref( ဒေါက်တာထက်ထက်ဇော်ဝင်း)
#ရှမ်းပုတ်(မိုမိုလေး)