မီးဖွားခြင်းဟာ ထင်သလောက် မရိုးရှင်းပါဘူး။ အခြေအနေ အကြောင်းကြောင်းကြောင့် သာမန်မီးဖွားနေရာမှ မမျှော်လင့်ဘဲ ဗိုက်ခွဲမွေးလိုက်ရတာမျိုး ရှိတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးဟာ မိမိအလှည့်မှာ မကြုံတွေ့နိုင်ဘူးလို့ ပြောလို့မရပါဘူး။
ဒါ့ကြောင့် ရိုးရိုးမွေးဖို့ပြင်ဆင်နေတဲ့အချိန်မှာ မမျှော်လင့်ဘဲ ခွဲမွေးလိုက်ရတဲ့ အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားရမယ့်အချက်လေးတွေကို ဖော်ပြပေးသွားပါမယ်။ ပထမဆုံး အထက်ပါအချက်ကို မိမိအနေနဲ့ လက်ခံနိုင်အောင် ပြင်ဆင်ပါ။
ခွဲမွေးတဲ့မိခင်တွေအတွက် အိပ်ရာခုတင်ဟာ နန်းတော်ဖြစ်ပြီး သောက်ရေဟာ နတ်သုဒ္ဓါဖြစ်ပါတယ်။ အဆာပြေစားသုံးဖို့ သရေစာမုန့်များလည်း အဆင်သင့်ဝယ်ယူထားသင့်ပြီး အိပ်စက်ရာမှာ သက်တောင့်သက်သာဖြစ်စေဖို့ ခေါင်းအုံး ၊ စောင် စတည်တို့ အဆင်သင့်ရှိနေရပါမယ်။
ခွဲမွေးခြင်းဟာ ခွဲစိတ်ကုသခြင်းတစ်မျိုးဖြစ်တာကြောင့် လိုအပ်တဲ့ အနာကျက်ဆေးဝါးများ သုံးစွဲရမှာဖြစ်ပြီး မွေးကင်းစရင်သွေးလေးထက် အရင်ဆုံး မိမိကိုယ်ကို ပိုဂရုစိုက်ရမှာ ဖြစ်ပါတယ်။ အခြားသူများက လိုလိုချင်ချင်နဲ့ပေးလာသော အကူအညီများကိုလည်း မငြင်းပယ်သင့်ပါဘူး။ မမျှောလင့်ဘဲခွဲမွေးလိုက်ရတာကြောင့် စိတ်ခံစားမှု အနည်းနဲ့အများ ထိခိုက်နိုင်ပေမယ့် ကျန်းမာနေတဲ့ ရင်သွေးလေးကို ကြည့်ရှုပြီး ဝမ်းနည်းမှုများကို ဖြေဖျောက်ပါ။
HYA (kyarlay)