ရင်သွေးလေးက အသက် ၃ လ မှ ၄ လကို ရောက်ရှိလာပြီဆိုရင်တော့ ကလေးငယ် အိပ်ချိန်လေးတွေကို စီမံပေးနိုင်ပြီဖြစ်ပါတယ်။
ဦးစွာ ကလေးငယ်ရဲ့ အိပ်စက်ခြင်း သဘာဝကို လေ့လာရန် လိုအပ်ပါတယ်။ အဲ့အတွက်လည်း အချိန် တစ်ပတ် နှစ်ပတ်ခန့်ယူပြီး ကလေးရဲ့ အိပ်ချိန်ကို မှတ်တမ်းတင်ထားရန် လိုအပ်ပါသေးတယ်။
ကလေးငယ်က မနက် ၁၀ နာရီမှာ အိပ်တတ်တယ်ဆိုရင် ၁၅ မိနစ် အလိုခန့်မှာ ရင်သွေးလေးကို နို့တိုက်ခြင်း အဝတ်အစားလဲပေးခြင်း အခန်းမီးပိတ်ပေးခြင်း တိတ်တိတ် ဆိတ်ဆိတ်ထားပေးခြင်းများ လုပ်ပေးသင့်ပါတယ်။ ရင်သွေးလေးတွေက အိပ်ချင်တဲ့ အချိန်မျိုးမှာ မျက်စိပွတ်ခြင်း လုပ်တတ်ပါတယ်။
ကလေးငယ်ရဲ့ သဘာဝကို လိုက်ပြီး နေ့စဉ်အိပ်ချိန် ပုံမှန်ထားပေးခြင်းဖြင့် အိပ်ချိန်အကျင့်ရစေပါတယ်။ ကလေးငယ်ရဲ့ အိပ်ချိန်နဲ့ တိုက်နေတဲ့ ကလေးပါဝင်တဲ့ ကိစ္စများကိုတော့ ရှောင်ရှားပေးဖို့လိုပါတယ်။