ရင်သွေးငယ်လေးတစ်ယောက်အတွက် သက်တောင့်သက်သာအရှိဆုံး အန္တရာယ်အကင်းဆုံးနေရာဟာ မိဘနှစ်ပါးရဲ့ လက်အတွင်း ရောက်ရှိနေချိန်ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့သော ရင်သွေးငယ်လေးတွေကတော့ ဒါ့ထက်ပိုပြီး မိဘများထံကို ပိုမိုတောင်းဆိုလေ့ရှိကြပြီး တစ်ချိန်လုံးပွေ့ချီပြီး လမ်းလျှောက်ပေးနေရကာ ထိုသို့မပြုလုပ်ပါက ငိုယိုနေတတ်ပါတယ်။
ဒါဟာ နို့စို့အရွယ် ရင်သွေးငယ်လေး တော်တော်များများမှာ တွေ့ရလေ့ရှိပါတယ်။ အဆိုပါကလေးများဟာ မိဘများပွေ့ချီထားပေးဖို့ကို တစ်ချိန်လုံးတောင်းဆိုနေတတ်ပြီး ချီထားတဲ့အချိန်ထိုင်နေရင်တောင် သိပ်ပြီး သဘောမကျကြပါဘူး။
ပွေ့ချီပြီး လမ်းလျှောက်ခံရခြင်းရဲ့ အရသာကိုသာ အထူးနှစ်ခြိုက်လေ့ရှိကြပြီး သူတို့အပေါ် အာရုံစိုက်မှု အပြည့်အဝတောင်းခံတဲ့ သဘောလည်း ဖြစ်ပါတယ်။ ၆လသားအရွယ်အောက် ရင်သွေးငယ်များကို ချီပွေ့လမ်းလျှောက်ခြင်း ပြုလုပ်နေစဉ် ရုတ်တရက်ရပ်တန့်လိုက်ပါက ငိုယိုပြီး လျင်မြန်သော နှလုံးခုန်နှုန်းလည်း ကျဆင်းသွားလေ့ရှိကြောင်း သိပ္ပံနည်းကျ အချက်အလက်များမှာ ဖော်ပြထားကြပါတယ်။
ဒါ့ကြောင့် အပြုအမူပိုင်းဆိုင်ရာနဲ့ ဇီဝကမ္မဆိုင်ရာ လေ့လာချက်များအရ ချီပွေ့ပြီး လမ်းလျှောက်ချိန်မှာ ရင်သွေးငယ်လေးတွေကို ပိုမိုရွှင်လန်းစေနိုင်တာ တွေ့ရပါတယ်။ ဒီဖြစ်စဉ်များကို နားလည်ထားခြင်းဖြင့် ရင်သွေးငယ်လေးတွေကို အကောင်းဆုံး တုန့်ပြန်မှု ပြုလုပ်နိုင်မှာဖြစ်ပြီး ကလေးများအား စိတ်ပျက်သွားစေမယ့် အခြေအနေများကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
HYA (kyarlay)