ကိုယ်ဝန်ဆိုတဲ့ ကြီးမားတဲ့ ဝန်ထုပ်တစ်ခု စဖြစ်လာတည်းက ထမ်းထားရတာ ကျှန်မတို့ မိန်းမသားတေွပါ။ ဒါအပြင် ကိုယ်ရင်သေွးလေး ကောင်းကောင်းဖွံ့ဖြိုးဖို့၊ ခြေလက်အဂါင်္စုံဖို့ ၊ ဆုတောင်းလိုက်ရတာ အမော။ သေွးနုသားနုလည်း ဖြစ်တာကြောင့် ပုံမှန်ထက်ပိုပြီး စိတ်တေွ ဂယောက်ဂယက် ဖြစ်နေတဲ့အချိန်ပါ။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဒါလေးလုပ်လိုက်ရင် ဗိုက်ထဲက ကလေးထိခိုက်သွားမလားဆိုပြီး တေွးတေွးပြီး ပူပန်နေတတ်ကြလို့ ကိုယ်ဝန်သည်တေွ တေွးကြောက်ကြတဲ့ ထိပ်ဆုံး အကြောင်းအရာတေွကို ဒီဆောင်းပါးလေးထဲမှာ အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။
၁။ အမေက မေှာက်အိပ်ရင် ကလေးကို ပိနေလိမ့်မယ်
-----------------------------------------------------
ဒီအချက်က ကိုယ်ဝန်ရှိပြီဆိုတည်းက မိခင်တိုင်း တေွးပြီးကြောက်ကြတဲ့ ထိပ်ဆုံးထဲက အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိပြီဆိုရင် မေှာက်အိပ်လို့မရဘူး။ ဘေးစောင်းအိပ်၊ ပက်လက်ပဲ အိပ်ရမယ်ဆိုတာမျိုးေ့ပါ။ တကယ်လည်းမှန်ပါတယ်။ ကိုယ်ဝန်နုရင်တော့ ပက်လက်ပဲအိပ်အိပ် မေှာက်ခုံပဲ အိပ်အိပ် ဒါက ကိစ္စမရှိသေးပါဘူး။ ဒါပေမယ့် ကိုယ်ဝန်ရင့်လာရင်တော့ ပက်လက်အိပ်တာကသာ အမေရော ကလေးအတွက်ပါ သက်တောင့်သက်သာ ရှိစေမှာပါ။
၂။ ကိုယ်ဝန်ဆောင်ရပြီဆိုတာနဲ့ ရုပ်တေွပြောင်းသွားပြီး တဖြည်းဖြည်းနဲ့ ရင့်လာလိမ့်မယ်
----------------------------------------------------------------------------------------------------------
ဒါကလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတေွ ကြောက်ကြတဲ့ အရာတစ်ခုပါပဲ။ မိန်းကလေးတိုင်းကတော့ အမြဲတမ်း လှနေစေချင်တယ်လေ။ ကလေးမေွးပြီးရင် ပိုလို့တောင် လှချင်တယ်မဟုတ်လား။ ဒါပေမယ့် ကိုယ်ဝန်ကြောင့် ကိုယ်အလေးချိန် တတ်လာတာ ၊ဖောရောင်လာတာ၊ ဟော်မုန်းအပြောင်းအလဲ ဖြစ်တာကြောင့် မှန်ထဲကြည့်လိုက်တိုင်း စိတ်ညစ်နေရတဲ့အချိန်တေွ ကိုယ်ဝန်ဆောင်တိုင်း ဖြတ်သန်းဖူးပါတယ်။ ရုပ်ရင့်သွားပြီးအရင်လို မနုပျိုတော့ဘူးဆိုတဲ့ အတေွးတေွက ခေါင်းထဲ အချိန်ပြည့ ်ရှိနေတတ်ပါတယ်။ ဒီအတွက် ဘာမှ စိတ်မပူပါနဲ့။ ကလေးမီးဖွားပြီးတာနဲ့ ဟော်မုန်းအပြောင်းအလဲတေွက ပြန်ဖြစ်လို့ အရင်လိုပဲ ရုပ်အတိုင်းလေးပဲ ပြန်ရမှာပါ။
၃။ ကိုယ်ဝန်ဆောင် ကလေးမေွးတာနဲ့ ငါ ဝလာတော့မှာပဲ
-----------------------------------------------------------------
အပြင်မှာလည်း မြင်ဖူး ကြားဖူးမှာပါ။ ကလေးတစ်ယောက် မေွးပြီးရင် ဝလာမယ်၊ ကိုယ်ခန္ဓာ ပုံပျက်သွားမယ်ဆိုတာတေွ တကယ်တော့ကိုယ်ဝန်ကြောင့် ကိုယ်အလေးချိန်တက်လာတာ မှန်ပါတယ်။ ဒါပေမယ့် အဲ့ဒီ တက်နေတဲ့ ကိုယ်အလေးချိန်တေွက မီးဖွားပြီးရင် တဖြည်းဖြည်း ပြန်ကျသွားမှာပါ။ ကိုယ်လက်လှုပ်ရှားမှုလေးလည်း လုပ်ပေးမယ် ၊ဆီကြော်တေွလည်း မစားဘူး။ ကလေးကိုလည်း နို့တိုက်တယ်ဆိုရင် ကိုယ်အလေးချိန်ဆက်တက်နေစရာ အကြောင်း မရှိပါဘူး။ တစ်ခုရှိတာက ဗိုက်ခွဲမေွးတဲ့လူတေွက ရိုးရိုးမေွးတဲ့ သူတေွထက်စာရင် ပိုဝနိုင်ပါတယ်။ ခွဲပြီးချိန် ချုပ်ရိုးကနာနေတာတစ်ကြောင်း၊ ခွဲပြီးပြီးချင်း ငြိမ်ငြိမ်နေရမယ်ဆိုတာက တစ်ကြောင်းနဲ့ ဘာမှ လှုပ်လှုပ်ရှားရှား မလုပ်ဖြစ်တော့ တဖြည်းဖြည်းနဲ့ ပိုဝလာတတ်ပါတယ်။
၄။ ကိုယ့်ကလေး ခြေလက်အင်္ဂါတေွမစုံဘဲ မေွးဖွားလာမှာ အရမ်းစိုးရိမ်တယ်
------------------------------------------------------------------------------------
ဘယ်မိဘမဆို ကိုယ်ဝန်စဆောင်ပြီဆိုတာနဲ့ ဗိုက်ထဲကကလေး ကိုယ်လက် အဂါင်္ အစုံနဲ့ မေွးဖွားလာတာကိုပဲ မြင်ချင်ကြတာပါ။ ဒီလိုမျိုးဖြစ်ဖို့ဆို ဆုတောင်းရုံနဲ့ ရမှာလား။ မဟုတ်ပါဘူး။ ဗိုက်ထဲက ရင်သေွးလေး ကြီးထွားဖွံဖြိုးမှုကို အထောက်အကူပြုတဲ့ ကိုယ်ဝန်ဆောင်အားဆေးတေွ သောက်ပေးဖို့လည်း လိုပါသေးတယ်။
၅။ မီးဖွားရတာ ခက်နေရင် ဘယ်လိုလုပ်ရမလဲ
-----------------------------------------------
မီးဖွားခါနီးလေလေ ဒီအကြောက်တရားကို တဖြည်းဖြည်းနဲ့ ကြီးစိုးလာလေလေပါပဲ။ မီးဖွားရတာ ခက်နေရင် အမေရော ကလေးကိုပါ ထိခိုက်စေတဲ့အတွက် ကိုယ်ဝန်စရှိပြီဆိုတည်းက ကျှမ်းကျင်စိတ်ချရတဲ့ သားဖွားမီးယပ် ဆရာဝန်၊ ဆရာမတေွနဲ့ ကိုယ်ဝန်ကို သေချာ အပ်ထားစေချင်ပါတယ်။ ဒါမှသာ ကိုယ်ဝန်ဆိပ်တက်တဲ့အခါလည်း အချိန်မီ ကုသမှုခံယူနိုင်မယ့်အပြင် ကိုယ်နဲ့ သင့်တော်တဲ့ မီးဖွားနည်းကိုလည်း သေချာ ရေွးချယ်နိုင်မှာပဲ ဖြစ်ပါတယ်။
၆။ ကိုယ်ဝန်ပျက်ကျမှာ စိုးတဲ့အတေွးတေွ
-----------------------------------------
ရင်သေွးလေးတေွဆိုတာ အိမ်ရဲ့ဆည်းလည်းလေးတေွပါ။ ဒါဟာ စုံတွဲတစ်တွဲရဲ့ ဆက်ဆံရေး ပိုခိုင်မြဲအောင် ချည်ပေးတဲ့ ကြိုးလေးတေွ ဆိုလည်း မမှားပါဘူး။ အိမ်ထောင်ကျပြီးပြီ ဆိုတာနဲ့ ကလေးမလိုချင်တဲ့ စုံတွဲဆိုလို့ ခပ်ရှားရှားရယ်ပါ။ ဒီလို ဘုရားပေးတဲ့ ဆုလာဘ် ကိုယ်ဝန်လေးကိုပျက်ကျသွားမှာ စိုးတဲ့ အကြောက်တရား ကိုယ်ဝန်ဆောင်မိခင်တိုင်းမှာ ရှိကြပါတယ်။ ကိုယ်ပင်ပန်း ဆင်းရဲခံပြီး လပေါင်းများစွာ လွယ်ထားရတဲ့ ကိုယ်ဝန်ကို ဘယ်သူကတော့ ပျက်စေချင်ပါ့မလဲနော်။ ဒါတေွကတော့ ကြုံဖူးမှ သိမယ့် ကိုယ်ဝန်ဆောင် အမျိုးသမီးတေွ ကြောက်ကြတဲ့ အကြောက်ဆုံး အရာတေွပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိတော့ သေွးသားကလည်းနု ၊ စိတ်ကလေးကလည်း အရမ်းကို နုနယ်နေတဲ့အချိန်ဖြစ်တာကြောင့် အပေါ်မှာ ပြောခဲ့တဲ့ အရာတေွ ကိုယ်ဝန်ဆောင်မိခင်တိုင်း ခံစားရမှာ တကယ့်ကိုအသေအချာပါ။ ဒီလို အကြောက်တရားတေွ ခံစားနေရတဲ့အချိန်ဆို မိသားစု၊ အထူးသဖြင့် ကိုယ့်အမျိုးသားရဲ့ ဖေးမကူညီမှုဟာ ကျှန်မတို့ မိန်းမသားတေွ အတွက်ကတော့ တကယ့်ကို နတ်ဆေးတစ်ပါး အလားပါ။ ဒါကြောင့် အမျိုးသားတေွ အနေနဲ့ ကိုယ်ဝန်ဆောင် ဇနီးသည်ကို ကြင်နာပါ။ ယုယပါ။ အရင်ကထက် ပို ကောင်းကောင်း ဂရုစိုက်ပေးပါ။
#Ref( ဒေါက်တာတင်ရတနာ- ကိုယ်ဝန်ဆောင်မိခင်နဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)