ပုံမှန်အားဖြင့်ဆိုရင် ကလေးငယ်ကိုနို့တိုက်တဲ့အချိန်မှာ ကလေးငယ်ရဲ့အောက်သွားနေရာတွေကို သူ့ရဲ့လျှာက ဖုံးထားတဲ့အတွက် သွားကျိတ်တာ ခံရလေ့မရှိပါဘူး။ နို့တိုက်အနေအထား မမှန်တာကြောင့် ဒါမှမဟုတ် ကလေးငယ်သွားပေါက်တဲ့ အချိန်မှာပဲဖြစ်ဖြစ် သွားကျိတ်ခံရလေ့ ရှိပါတယ်။
မိမိရဲ့လက်သန်းကို ကလေးငယ်ရဲ့ အပေါ်သွားဖုံးနှင့် အောက်သွားဖုံးကြားထဲ ထည့်ထားပါ။ ကလေးငယ်မှ မိမိ နို့သီးခေါင်းကို စကိုက်မိပါက ရုတ်တရက် ဆွဲမထုတ်ပါနှင့်။ ပိုပြီး ကိုက်မိနိုင်ပါတယ်။
မိမိ နို့သီးခေါင်းအကိုက်ခံရပါက ရုတ်တရက် မအော်ပါနှင့်။ ကလေးက မိမိအော်သံကို သေချာသိရန် ထပ်ပြီး ကိုက်တတ်ပါတယ်။ နို့သီး အကိုက်ခံရပါက ကလေးကို နို့တိုက်ရာမှ ခဏ ဖယ်ပြီး နားပေးခြင်းဖြင့် နို့သီးနာကျင်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။
ကလေးကို အနေအထားမှန်မှန်ဖြင့် နို့တိုက်ပါ။ နို့တိုက်နေချိန် ကလေးနှင့် မျက်လုံးချင်းဆက်သွယ်ပါ။ နို့စို့ပြီးပါက ကလေးငယ်သွားကျိတ်ရန် အရုပ်ဖြစ်စေ တစ်ခုခုပေးထားပါ။ကလေးကြီးလာပါက ဖြည့်စွက်စာကျွေးခြင်းဖြင့် နို့တိုက်သည့် အကြိမ်ရေ ကို လျှော့ချပါ။