အသက် ၆လအောက် ကလေးအားလုံး နီးနီး လေထိုးဖူး ကြပါတယ်။ လေထိုးသည် ဆိုတာက တကယ်တော့ ကလေးက ကော့ကော့ထိုး၍ ငိုနေခြင်းကို ဆိုလိုတယ်။ လေက တကယ်ပတ်၍ ထိုးနေမထိုးနေ ဘယ်သူမှ မသိ။ ဘာကြောင့်ဖြစ်မှန်းကိုလည်း ဘယ်သူမှ မသိ။ ဘယ်နေ့ ထိုးမှာလည်း ဘယ်သူမှ မသိ။ အကြာကြီးနေမှ တစ်ခါဖြစ်တာ ရှိသလို သုံးလေးရက် ဆက်တိုက်ဖြစ်သည့်အခါလည်း ရှိပါတယ်။ ဘယ်အချိန် ဖြစ်မှာလဲ။ ဘယ်သူမှ ကြိုမသိ။ ညနေပိုင်း ဖြစ်တတ်တာတော့ များပါတယ်။
ကလေးကို ဘာဆေးတိုက်ရင် သက်သာမှာလဲ။ ဘယ်သူမှ မသိ။ သုတေသနများကတော့ ဂရိုင်းမစ်ချာရော၊ Simethicone ပါသည့် လေဆေးမျိုးစုံရော၊ ဘယ်ဟာမှ တကယ် သက်သာတာ မတေွ့ရပေ။ (ရင်လူးဆေးတော့ သုတေသနတေွမှာ ရှာမတေွ့။ ဗိုက်နာတာကို ရင်လူးဆေးနှင့်ကုသည့်နိုင်ငံ ကျှန်တော်တို့တေွပဲ ရှိတယ်နဲ့တူပါတယ်။ ဒါဆိုရင် ကျှန်တော်တို့ အနောက်တိုင်း ဆေးပညာရှင်တေွ ကလေးလေထိုးသည့် ကိစ္စ ဘာမှ မသိကြတော့ဘူးတဲ့လား။ တကယ်တော့ သိပါတယ်။
၁။ လေထိုးခြင်းဆိုတာ အသက် ၆လအောက် ကလေးအားလုံးနီးပါး ဖြစ်သော်လည်း ငိုနေတာက လွဲရင် ကလေးကို မည်သည့်ဘေးဥပဒ်မှ မပေးကြောင်း ကျှန်တော်တို့ အခိုင်အမာ အသေအချာ သိထားပါတယ်။
၂။ အသက် သုံးလ နောက်ပိုင်းတွင် ကလေးတိုင်း လေထိုးသည့် အကြိမ်အရေအတွက် တဖြည်းဖြည်း နည်းသွားပြီးတော့ အသက် ၆လ နောက်ပိုင်း လုံးဝ ပျောက်သွားကြကြောင်း ကျှန်တော်တို့ သိထားပါတယ်။
၃။ ကလေးကို ချီပြီး ခမ်ကြမ်းကြမ်း လှုပ်ခါပေးနေလှျင် လေထိုးသည့်အချိန် ပို၍ ကြာမြင့်တတ်ပြီး ငြိမ်ငြိမ်လေး ချထားပါက မြန်မြန်တိတ်တတ်ကြောင်း ကျှန်တော်တို့ တေွ သိပါတယ်။
ဒါဆိုရင် လေထိုးတာ စိုးရိမ်စရာ လုံးဝ မရှိတော့ဘူးလား။
၁။ ကလေး ငိုနေတိုင်း လေထိုးတာဟု အပိုင် မပြောနိုင်ပါဘူး။ အရေပြား တစ်နေရာရာမှာ ပြည်တည်ရောင်ရမ်းနေလှျင်လည်း ကလေးက ငိုနေပါလိမ့်မယ်။ အနှှီးက ချည်စလေး လက်ချောင်းခြေချောင်းလေး တစ်ခုခုကို တုပ်မိပြီး သေွးမလေှျာက် ဖြစ်နေရင်လည်း ငိုနေပါလိမ့်မယ်။ အူကျပြီး ညပ်နေလှျင်လည်း ကလေးက ငိုနေပါလိမ့်မယ်။ နားကိုက်နေလှျင်လည်း ငိုနေပါလိမ့်မယ်။ ဘာမှ ပြောမပြတတ်သော ကလေး ငိုနေတိုင်း လေနာတာပဲဟုဆိုတာ လေဆေးတေွ တိုက်နေသဖြင့် အရေးကြီးသော အခြားရောဂါတစ်ခုခု လွတ်နေမှာကို ကျှန်တော်တို့ စိတ်ပူပါတယ်။
၂။ မြန်မာလူမျိုး မိဘ ဘိုဘွားတို့ အရိုးစွဲနေကြသည့် ကြောက်မက်ဖွယ် အကောင်းဆုံး အယူအဆ အမှားမှာ ကလေးလေနာတာ မိခင် အသီးအရွက်စားပြီး နို့တိုက်၍ ဖြစ်သည်ဟူသော အယူအဆ ဖြစ်ပါတယ်။ လေနာ၍ သေသောကလေး ကမ္ဘာပေါ်တွင် တစ်ယောက်မှ မရှိသော်လည်း လေနာမှာစိုး၍ဟုဆိုကာ နို့တိုက်မိခင် ဘာဟင်းသီးဟင်းရွက်မှ မစားဘဲ ထမင်းဖြူနှင့် ငါးခြောက်ဖုတ်သာ စားရသဖြင့် အသီးအရွက်မှ ရသော ဗီတာမင် ဘီဝမ်းဓာတ် ငတ်ကာ နှလုံးအမောဖောက်၍ သေဆုံးရသော ကလေးတေွ လက်ရှိ မြန်မာနိုင်ငံတွင် အမြောက်အမြား ရှိပါတယ်။ လေနာတာ စစ်စစ်ကတော့ ဘာမှ စိတ်ပူစရာ မလိုပါ။ အချိန်တန်လှျင် သူ့အလိုလို ပျောက်သွားတတ်ပါတယ်။