မိခင်တိုင်းကတော့ မိမိရဲ့ ရင်သွေးငယ်လေးကို ဉာဏ်ကောင်းစေချင်ကြတာချည်းပါပဲ။ မွေးကင်းစအရွယ် အိပ်မှု ၊ စားမှုနဲ့ ငိုဖို့ပဲသိသေးတဲ့ သုံးလသားအရွယ် ရင်သွေးငယ်လေးကို ဉာဏ်ရည်ဖွံဖြိုးတိုးတက်စေဖို့ ပြုလုပ်ပေးရမယ့် အရာတွေ ရှိနေပါတယ်။
ကခုန်ခြင်းဟာ ကလေးငယ်လေးတွေရဲ့ ဉာဏ်ရည်ကို တိုးတက်စေပြီး ဂီတသံစဉ်များကိုလည်း နှစ်သက်လေ့ရှိကြပါတယ်။ ညင်သာနူးညံ့တဲ့ ဂီတသံစဉ်လေးများဖြင့် လှုပ်ရှားပေးခြင်းဟာ ရင်သွေးငယ်လေးရဲ့ ခံစားချက်ကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။
ဒီနေရာမှာ စိတ်ရှည်ဖို့လိုပါတယ်။ သင့်ရဲ့အမူအရာအားလုံးကို ရင်သွေးငယ်လေးမှ ပြန်လည်တုန့်ပြန်နိုင်မယ်လို့ မမျှော်လင့်ပါနဲ့။ ရင်သွေးငယ်လေး နားလည်သည်ဖြစ်စေ မလည်သည်ဖြစ်စေ ပုံပြင်စာအုပ်လေးများကို စိတ်ဝင်တစား ဖတ်ပြပေးပါ။
ရင်သွေးငယ်လေးနှစ်သက်သော အရုပ် ၊ အဝတ်အစား ၊ အသုံးအဆောင်ပစ္စည်းများကို မကြာခဏ မြင်သာအောင်ပြပေးပါ။ ဒီလိုပြပေးခြင်းက ရင်သွေးလေးကို ရွှင်လန်းစေနိုင်ပြီး မှတ်ဉာဏ်အားကို ကောင်းမွန်စေပါတယ်။
HYA (kyarlay)