ရင်သွေးငယ်ကို ၆ လသားထိ မိခင်နို့ရည်တစ်မျိုးတည်းကို တိုက်ကျွေးခြင်းဖြင့် ကလေးငယ်အတွက် လိုအပ်သောအာဟာရများကို ဖြည့်တင်းပေးနိုင်ရုံသာမက ရောဂါပိုးမွှားများကို ကာကွယ်ရန်အတွက်လိုအပ်သော ကိုယ်ခံစွမ်းအားကိုလည်း ဖြည့်တင်းပေးနိုင်ပါသေးတယ်။ ၆ လသားကျော်ရင်တော့ ဖြည့်စွက်စာများ စတင်ကျွေးနိုင်ပါတယ်
လိမ္မော်သီးစကျွေးရင်တော့ နင်ခြင်း၊ အော့အန်ခြင်းများ မဖြစ်စေရန် အစေ့နွင်ပေးခြင်း၊ လိမ္မော်သီး အခွံ အမျှင်လေးကို ဖယ်ရှားပေးခြင်းပါ လုပ်ပေးသင့်ပါတယ်။ အချို့ကလေးငယ်လေးများဟာ လိမ္မော်သီးမှာ ပါဝင်တဲ့ အက်ဆစ်လောင်ခြင်းဖြသ်တတ်တဲ့အတွက် အထူးဂရုပြုသင့်ပါတယ်။
ရင်သွေးလေးနဲ့ အစာဓာတ်တည့်မတည့်လည်း စောင့်ကြည့်သင့်ပါသေးတယ်။ ရင်သွေးလေးကို ဖြည့်စွက်စာကျွေးချိန်မှာ တစ်ခုစီကျွေးခြင်းဖြင့် ဓာတ်တည့် မတည့်ကို စောင့်ကြည့်နိုင်ပါတယ်။