မေမေတို့ဟာ ကိုယ်ဝန်ဆောင်စဉ် ကာလကတည်းက ဝမ်းဗိုက်ထဲက ကလေးငယ်ကို သေချာပြုစုစောင့်ရှောက်ရတာ ဖြစ်ပါတယ်။ ကိုယ့်ရင်သွေးလေး တစ်ခုခုဖြစ်သွားမှာကအစ မေမေတို့ဟာ ဂရုစိုက်ပေးကြရတာပါ။
မွေးဖွားလာစဉ်အခါမှာလည်း ကိုယ့်ရင်သွေးလေးနဲ့ အနေအထိုင်၊ အစားအသောက် အစစ၊ အရာရာ သတိမလစ်ဟင်းအောင် ဆောင်ရွက်ရပြန်တာပါ။ အဲဒီလို ပြုမူဖို့ဆိုရင ်မေမေတို့အနေနဲ့ ရင်သွေးလေးနဲ့ သေချာ ဆက်သွယ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ ရင်သွေးလေးတွေနဲ့ ဆက်သွယ်ဖို့ အကောင်းဆုံးနည်းလမ်းလေးတွကို ဖော်ပြပေးလိုက်ရပါတယ်။
တစ်ဦးချင်း အချိန်ကုန်ဆုံးပါ
ကလေးငယ်လေးတွေနဲ့ ဆက်သွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ တစ်ဦးချင်း အချိန်ကုန်ဆုံးတာပါပဲ။ ဒါက ကလေးငယ်တွေအနေနဲ့ ကိုယ့်ကို ရင်းနှီးစေဖို့ အကောင်းဆုံးအချက်ပါ။
သီချင်းဆိုပြပါ
သီချင်းဆိုပြခြင်းအားဖြင့် ကလေးငယ်လေးက မေမေတို့ရဲ့အသံကို နားယဉ်ပြီး ပိုမိုရင်းနှီးစေမှာပါ။
ကခိုင်းပါ
မြန်မာတို့ ရှေးအဆက်ဆက် အသုံးပြုခဲ့ကြတဲ့ ချိုမှိုင်မှိုင် အကကလည်း ကလေးငယ်လေးနဲ့ ကိုယ့်အကြာ ဆက်သွယ်ရာမှာ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။
မျက်လုံးချင်းဆုံပါ
ကိုယ့်ရင့်သွေးလေးကို မျက်လုံးချင်းဆုံပြီး မကြာခဏ ကြည့်ပေးတာကလည်း ကလေးငယ်လေးနဲ့ ကိုယ့်အကြား ဆက်ဆံရေးမှာ အရေးပါတဲ့အချက်တစ်ချက်လို့ ဆိုရမှာပါ။