မိခင်များအနေနဲ့ မိမိရဲ့ ရင်သွေးငယ်လေးကို ဘယ်အရွယ်မှာ နို့တိုက်မယ် ၊ အစားအစာစကျွေးမယ် ၊ ရေတိုက်မယ် ၊ အခြားဖြည့်စွက်စာတွေ ကျွေးမယ်ဆိုတာ တိတိကျကျ သိထားဖို့လိုပါတယ်။
မွေးကင်းစမှ ၄လအရွယ်အထိ မိခင်နို့နှင့် ဖော်မျူလာနို့မှုန့် တိုက်ကျွေးနိုင်ပါတယ်။ ၄လနှင့်၆လအတွင်းမှာ ရင်သွေးငယ်လေး အဆင်သင့်ဖြစ်ပြီလို့ ယူဆပါက အစာအမာများ စတင်ကျွေးလို့ရပါပြီ။ ရင်သွေးလေးရဲ့ ခန္ဓာကိုယ်အလေးချိန် ၁၃ပေါင်ခန့်ရှိတာနဲ့ အစားအစာစားဖို့ စတင်စိတ်ဝင်စားလာမှာပါ။
၆လနဲ့၈လအကြားမှာတော့ မိခင်နို့ရည် လိုအပ်နေဆဲဖစ်ပြီး အစားအစာ အသစ်အဆန်းများ မြည်းစမ်းစေလို့ ရပါပြီ။ ကိုယ်တိုင်စားလို့ရတဲ့အဆင့်ကို ရောက်ပြီး မိမိကိုယ်ပိုင်ခွက်ဖြင့် နို့မှုန့်သောက်နိုင်ပါတယ်။ ၈လမှ၁၀လအတွင်း အစားအစာများကို လက်ဖြင့်ကိုင်တွယ်စားနိုင်နေပြီး ရင်သွေးငယ်လေးကို ဇွန်းဖြင့် စားတတ်အောင် လေ့ကျင့်ပေးရပါမယ်။
တစ်နှစ်သားအရွယ်ကို ရောက်တာနဲ့ သောက်ခြင်း ၊ဝါးခြင်း စသော စွမ်းရည်များ တိုးတက်လာပါတယ်။ ၁၈လသားအရွယ်မှာတော့ မိမိဇွန်းကို ကိုယ်တိုင်ကိုင်ပြီး မစားလိုသော အစားအစာများကိုလည်း ငြင်းဆိုလာနိုင်ပါပြီ။ ၂နှစ်ပြည့်တဲ့အချိန်မှာတော့ ကိုယ်တိုင်စားသုံးရာမှာ လွယ်ကူလာပြီး အစားဝဖို့အတွက် ပါးစပ်ကို ကျယ်ကျယ်ဟရန် မလိုအပ်တော့ပါဘူး။
HYA (kyarlay)