မိခင်တေွဟာ မိခင်နို့တိုက်ကျေွးနေချိန်မှာ အသား၊ ငါး၊ ကြက်သား၊ အသီးအနှံ၊ ဆန်အပါအဝင် သင့်တင့်မှျတတဲ့ အစားအသောက်ပုံစံနဲ့ စားသောက်ဖို့လိုအပ်ပါတယ်။ အဲ့ဒီလို အချိန်မျိုးမှာ လူနှစ်ဦးစာ စားရတာဖြစ်တာကြောင့် အစားအသောက်ပမာဏ သို့မဟုတ် အစားအသောက်အုပ်စုတေွကို ကန့်သတ်ထားခြင်းက မိခင်နို့ထွက်နည်းစေနိုင်ပါတယ်။ အဲဒီလိုကန့်သတ်ထားတာက မိခင်နို့ တိုက်ကျေွးနေချိန်မှာ မိခင်အနေနဲ့ အားအင်ပြန်လည်ဖြည့်ဆည်းနိုင်စွမ်းကိုလည်း ထိခိုက်စေပါတယ်။ ကျွန်မ ဆေွးနေွးပေးနေတဲ့ မိခင်တစ်ဦးဖြစ်တဲ့ မဇင်မာထွန်းဆိုရင် သိပ်ကိုအားကိုးရတဲ့ အမျိုးသားကို ပိုင်ဆိုင်ထားပါတယ်။ မိခင်နို့ထွက်ဖို့အတွက် သူအခက်အခဲရှိနေတယ်ဆိုရင် သူ့ခင်ပွန်းက နို့ထွက်ကောင်းစေမယ့် အစားအသောက်တေွအကြောင်း ရှာဖေွဖတ်ရှုပြီး ချက်ပြုတ်ကျေွးတတ်တယ်။ သိပ်ကို ချစ်ဖို့ကောင်းပါတယ်။ သူ့ခင်ပွန်းကိုယ်တိုင် စျေးကိုသွား၊ ကျန်းမာရေးနဲ့ညီညွတ်မယ့် ချက်ပြုတ်စရာတေွကို ဝယ်ပြီး ချက်ပေးတတ်ပါတယ်။ ဖခင်တေွအနေနဲ့လည်း ကူညီပေးလို့ရပါတယ်။
ဒေါ်သဲလ်မာထွန်းသိန်း
(အာဟာရသိပ္ပံပညာပါရဂူ/အာဟာရဗေဒပညာရှင်နှင့် မိခင်နို့တိုက်ကျေွးခြင်းဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြု အကြံပေးပညာရှင်)