အချို့သောကိုယ်ဝန်ဆောင်တေွဟာ ကိုယ်ဝန်ဆောင်ကာလမှာ အမြင်အာရုံနဲ့ပတ်သက်ပြီး ထိခိုက်မှုရှိလာတတ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီလိုဖြစ်တာကတော့ ကိုယ်ဝန်ဆောင်ကာလမှာ ဖြစ်ပွားတတ်တဲ့ အပြောင်းအလဲတေွထဲက တစ်ခုပဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလရောက်လာပြီဆိုရင် အမြင်အာရုံနဲ့ပတ်သက်ပြီး ခံစားရမှုမဖြစ်ရစေဖို့အတွက် မျက်စိအားကောင်းစေမယ့် အစားအစာတေွ စားသုံးပေးဖို့လိုပါတယ်။
တကယ်လို့အမြင်ခံစားမှုမှာ ပုံမှန်မဟုတ်တာမျိုးတစ်ခုခုနဲ့ကြုံလာရပြီဆိုရင်တော့ ကိုယ်ဝန်ဆောင်ကာလ aသွးသားအပြောင်းအလဲကြောင့်ဖြစ်လို့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ လိုအပ်တဲ့ဆေးဝါးတေွကို မှီဝဲသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာဖြစ်တတ်တဲ့ မျက်လုံးနဲ့ပတ်သက်တဲ့ အကြောင်းအရာတေွကတော့ မျက်ကြည်လွှာသား အပြောင်းအလဲဖြစ်လာနိုင်ပါတယ်။ မျက်လုံးအရည်ခမ်းခြောက်မှု ဖြစ်လာနိုင်ပါတယ်။ နောက်ပြီးကိုယ်ဝန်ဆောင်ချိန်မှာဖြစ်လာတတ်တဲ့ ဆီးချိုရောဂါကြောင့်လည်း အမြင်အာရုံအပြောင်းအလဲတစ်ခုခုနဲ့ကြုံနိုင်ပါတယ်။ မျက်လုံးမှာတိမ်ဖြစ်တတ်လာပါတယ်။
ကိုယ်ဝန်ဆောင်ကာလ ကျန်းမာရေးစောင့်ရေှာက်မှုမှာ အရာအားလုံးအတွက် သတိထားရမှာဖြစ်လို့ မျက်လုံးရဲ့ကျန်းမာရေးအတွက်လည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ အစားအသောက်တေွကို ဂရုစိုက်နိုင်ကြဖို့ မှျဝေပေးလိုက်ပါတယ်။
Kyarlay