ကိုယ်ဝန်စရှိလို့ second-trimester လို့ခေါ်တဲ့ ၁၂ ပတ် ကျော်ပြီဆိုတာနဲ့ ဆီးခုံရဲ့ဟိုဘက်ဘေး ဒီဘက်ဘေးနားကနေ စပြီး တင်းတင်း တင်းတင်းနဲ့ နာတာဟာ မေွးတဲ့အထိ နာပါမယ်။ ပြီးရင် အူမကြီးရှိတဲံနေရာမှာ ဗိုက်ရဲ့ ဘယ်ဘက်၊ ညာဘက်အစွန်နားမှာ အမြောင်းလိုက်ကြီး လေတေွ တင်းတဲ့အတွက်ကြောင့် နာပါတယ်။
ခါးနာတယ်၊ ပေါင်ဆစ်တေွ မျက်တယ်၊ ပေါင်ထိပ်တေွလေခိုတယ်၊ ဒါတေွ အကုန်လုံးကလည်း Pregnancy Hormone Effect တေွကြောင့် Muscle တေွ လျော့ရဲသွားတဲ့အခါကျတော့ ဒါတေွကလည်း လရင့်ရင် ပိုပိုနာလာပါတယ်။ နာတာတေွအားလုံးသည် အန္တရာယ်မရှိသလိုဘဲ တချို့အန္တရာယ်ရှိတဲ့ဟာတေွကိုလည်း ကိုယ်ကအန္တရာယ်မှရိဘူးလို့ မှားမှာစိုးတဲ့အတွက်ကြောင့် ကိုယ်ဝန်ပုံမှန်ပြတာ ကျွမ်းကျင်တဲ့ သားဖွား ဆရာဝန်၊ ဆရာမနဲ့ပြတာကို ကိုယ်ဝန်တစ်လေှျာက်မှာ လုပ်သင့်ပါတယ်။
Ref: မေ့ရင်သေွးမဂ္ဂဇင်း