ကိုယ်ဝန်စောင့်ရေှာက်မှု ဘယ်တော့ ခံယူရမလဲ ဆိုတော့ ကိုယ်ဝန်စရှိမှန်း သိသိချင်းလို့ပဲ အားလုံးက ဒီလိုပဲ သိထားကြပါတယ်။ တကယ်တမ်း အမှန်က ကိုယ်ဝန်မရှိခင်ကတည်းက စောင့်ရေှာက်မှု ခံယူရပါမယ်။ အိမ်ထောင်ကျလို့ ကလေးယူတော့မယ်ဆိုရင် သားသမီးစယူတော့မယ်လို့ စိတ်ကူးတဲ့ အချိန်ကစလို့ စောင့်ရေှာက်မှု ခံယူရပါမယ်။ နောက်တစ်ခုက ကလေးတစ်ယောက် ရပြီးပြီ။ နောက်တစ်ယောက် ငါ ဘယ်တော့ ယူမလဲ။ ကလေးတစ်ယောက် ထပ်ယူတော့မယ်လို့ ဆုံးဖြတ်တဲ့အချိန်ကစလို့ စောင့်ရေှာက်မှု ခံယူရမယ်။ ဘာကြောင့်လဲ ဆိုတော့ အိမ်ထောင်မကျခင်ကရော၊ အိမ်ထောင်ကျပြီး ကိုယ်ဝန်မရှိခင်ကတည်းက၊ ကိုယ့်မှာရှိတဲ့ ကျန်းမာရေး ပြဿနာ အချို့ဟာ အမေရော၊ ကလေးရောကို ကျန်းမာရေး ထိခိုက်စေနိုင်တဲ့ အတွက် ကိုယ်ဝန်မယူခင်ကတည်းက စောင့်ရေှာက်မှုစသင့်ပါတယ်။
Ref: မေ့ရင်သေွးမဂ္ဂဇင်း