ကလေးကို အစာကျေွးရာမှာ ကျောက်ကပ်ကို အလုပ်မများစေဖို့ ဆား(အငန်) ကို နည်းနိုင်သမှျ နည်းအောင် ဆင်ခြင်ပြီး ကျေွးသင့်ပါတယ် ကလေးတေွဟာ အချိုအရသာကို နှစ်ခြိုက်ကြပါတယ်။ ဒါပေမဲ့ အရသာချိုလွန်းတဲ့ အစာများဟာ ကလေးဘဝမှာ သွားပိုးစားခြင်းကိုလည်းကောင်း၊ လူကြီးဘဝမှာ အဝလွန်ခြင်းနှင့် နှီးနွှယ်နေတဲ့ ရောဂါများကိုလည်းကောင်း ဖြစ်စေနိုင်တာမို့ ဆင်ဆင်ခြင်ခြင် ကျေွးရပါမယ်။ အလားတူပဲ ကလေးကိုကျေွးတဲ့ အစာဟာ အချဉ်၊ အခါး စတဲ့အရသာများ မလွန်ကဲသင့်ပါဘူး။
Ref: ဒေါက်တာလှကြည်ရဲ့ ရင်သေွးငယ်အာဟာရ သန္ဓေသားမှစ စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။