ပျဉ်းတော်သိမ်းရွက်ကို ပဲကုလားဟင်း၊ အရည်သောက်ချက်တဲ့အခါ အမေွှးန့ံရအောင် ခတ်တဲ့ အရွက်တစ်မျိုးပဲ ဖြစ်ပါတယ်။ တစ်ချို့ကတော့ ပျဉ်းတော်သိမ်းကို ဒီတိုင်းပဲ တို့စား ကြပါတယ်။ ဟင်းတိုင်းမှာ ပျဉ်းတော်သိမ်းအရွက်ကို ထည့်ချက်မယ်ဆိုရင် သာမန်ထက် အရသာပိုကောင်းပါတယ်။ ကာဗွန်ဟိုက်ဒရိတ်၊ အမှျင်ဓာတ်၊ ကယ်ဆီယမ်၊ ဖော်စဖော့ရစ်၊ သံဓာတ်နှင့် ဗီတာမင်ဓာတ်တေွနဲ့ ပြည့်နေတဲ့ ပျဉ်းတော်သိမ်းရွက်က ကျှန်ုပ်တို့ရဲ့နှလုံး လုပ်ဆောင်ချက်တေွကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ပျဉ်းတော်သိမ်းရွက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတေွကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။
၁။ သေွးအားနည်းရောဂါကို ထိန်းပေးခြင်း
---------------------------------------------------------
ပျဉ်းတော်သိမ်းရွက်က သံဓာတ်နဲ့ဖော်လစ်အက်ဆစ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဖော်လစ်အက်ဆစ်က ကျှန်ုပ်တို့ ခန္ဓာကိုယ်ကို သံဓာတ် စုတ်ယူအောင် လုပ်ဆောင်ပေးပါတယ်။ ပြီးရင် သေွးအားနည်းရောဂါရှိသူကို သံဓာတ်ဖြည့်တင်းပေးတဲ့အတွက် အထူးကောင်းမွန်ပါတယ်။
၂။ ဆီးချိုရောဂါကို တိုက်ခိုက်ပေးခြင်း
-------------------------------------------
ပျဉ်းတော်သိမ်းရွက်က အင်ဆူလင်လုပ်ဆောင်ချက်ကို ထိရောက်စေခြင်းအားဖြင့် သေွးအတွင်းမှ သကြားဓာတ်ကို လျော့နည်းအောင်လည်း ကူညီပေးပါတယ်။ အရွက်မှာ ပါဝင်တဲ့ အမှျင်ဓာတ်ပမာဏက သကြားဓာတ်လျော့နည်းစေတဲ့ အရေးပါတဲ့အရာ ဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိတဲ့သူတေွအတွက် ပျဉ်းတော်သိမ်းရွက်က သေွးအတွင်းမှ သကြားဓာတ်ကို ထိန်းပေးတဲ့ သဘာဝနည်းလမ်းကောင်းပဲ ဖြစ်ပါတယ်။
၃။ အစာကြေလွယ်ခြင်း
------------------------------
ပျဉ်းတော်သိမ်းရွက်ဟာ အစာကြေစနစ်ကို တိုးတတ်စေတဲ့ အရွက်အဖြစ် လူသိများကြပါတယ်။ ကျန်ုပ်တို့ ခန္ဓာကိုယ်ရဲ့ အဆီစုပ်ယူတဲ့နည်းကို ပြောင်းလဲစေပြီးတော့ ကိုယ်အလေးချိန်ကျအောင်လည်း ကူညီပေးပါတယ်။
၄။ ကိုလက်စထရောဓာတ်ကို လျော့နည်းစေခြင်း
----------------------------------------------------
ပျဉ်းတော်သိမ်းရွက်က သေွးအတွင်းမှ ကိုလက်စထရောဓာတ်ကို နည်းအောင် ကူညီပေးတဲ့ အာနိသင်ရှိပါတယ်။ အန်တီအောက်စီဒန့်ပါဝင်တဲ့အတွက် ကျှန်ုပ်တို့ ခန္ဓာကိုယ်ကို နှလုံးရောဂါကဲ့သို့ရောဂါတေွ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
၅။ ဆံပင်ဖြူခြင်းကို ကာကွယ်ပေးခြင်း
-------------------------------------------------
ပျဉ်းတော်သိမ်းရွက်က ဆံပင်ဖြူခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဒါအပြင် ဆံပင်ပျက်စီးခြင်းကို ကုသခြင်း၊ ဆံပင်သန်လာခြင်း၊ ဆံပင်ကျှတ်ခြင်းနှင့်ဗောက်ထခြင်းတို့ကို ကုသတဲ့အခါမှာလည်း အရမ်းထိရောက်မှု ရှိပါတယ်။ ဒီအကျိုးကျေးဇူးနဲ့ပတ်သတ်ပြီးတော့ အကောင်းဆုံးအချက်က ပျဉ်းတော်သိမ်းရွက်ကို စားလို့ ရရုံသာမက ဦးရေပြားမှာလည်း အသုံးပြုပေးလို့ ရပါတယ်။
#Ref( နန်းစော(တောင်ကြီး) - ပျဉ်းတော်သိမ်းရွက်နဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)