လက်ရှိအချိန် ဗြိတိန်မှာ လူသေဆုံးမှု အများဆုံးဖြစ်စေတဲ့ အချက်တေွထဲ တစ်ချက်က လူကို နှလုံးခုန်နှုန်း မမှန်ဖြစ်စေတဲ့ ကဖင်းဓာတ်တေွရဲ့အာနိသင်ပါ။ စျေးကွက်ထဲ လူကြိုက်များ သောက်သုံးနေတဲ့ စွမ်းအားဖြည့်အချိုရည်ဘူးတေွဟာ နှလုံးကို ဒဏ်ဖြစ်စေတဲ့ ကဖင်းဓာတ်တေွ အမြောက်အများကို ပါဝင်နေတာကြောင့် စိုးရိမ်စရာ အန္တရာယ်ဖြစ်လာပါတယ်။ စွမ်းအားဖြည့်အချိုရည် ပုံမှန်သောက်သုံးတတ်တဲ့အကျင့်က သင့်ကို သာမန်လူထက် လေဖြတ်နိုင်ခြေ ငါးဆ ပိုမြင့်စေလာခဲ့ပြီဖြစ်ကြောင်း မျက်ကွယ်ပြု မရတဲ့ ရလာဒ်တေွ နိုင်ငံတကာမှာ ထွက်ပေါ်လာခဲ့ပါပြီ။
ပိုဆိုးတဲ့အချက်က စွမ်းအားဖြည့်အချိုရည်တေွဟာ လူမသိသူမသိ အသံတိတ် လူသတ်သမားတေွ ဖြစ်နေတာပါ။ အကြောင်းကတော့ သင့်မှာ အချိုရည်ထဲက ကဖင်းဓာတ် ဝန်ပိမှုကို နှစ်အနည်းငယ်ကြာ ခံစားလာရပေမယ့် ကျန်းမာရေးပြသနာဖြစ်နေကြောင်း အချက်ပြအနေနဲ့ သိသာထင်ရှားတဲ့ ဘယ်လိုရောဂါလက္ခဏာမျိုးမှ မပြသပါဘူး။ ပုံမှန်ထက် လွန်ကဲစွာ သောက်သုံးပြီး ရေရှည်စွဲမြဲလာခဲ့တဲ့ သူတေွမှာတော့ ရုတ်တရက် နှလုံးဖောက်ပြီးတော့ လေဖြတ်တာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ သင်မသိလိုက်နို်င်တဲ့ အချိန်မရေွးတိုင်းမှာ ဦးနေှာက် နဲ့ နှလုံးအန္တရာယ် ကြုံရနို်င်တာက သတိပြုစရာပါ။
သာမန် ၂၅ဝ မီလီလီတာ အချိုရည်ဘူးရဲ့ ကဖင်းဓာတ်က ၈ဝ မီလီဂရမ်နှုန်းနဲ့ ပါဝင်နေပြီး ဒါဟာ ကိုကာကိုလာ အချိုရည်ထက် ၂ဆ ပိုမိုများပြားပြီးတော့ ၆၀ မီလီလီတာ အက်စပရက်ဆို တစ်ခွက်နဲ့ ညီမျှတဲ့ ကဖင်းဓာတ်အချိုးအစားပဲ ဖြစ်ပါတယ်။ တစ်နေ့ကို ကော်ဖီ ၄- ၅ ခွက်လောက် သောက်သုံးခြင်းမှာ အတော်များတဲ့ အန္တရာယ်ပဲ ဖြစ်ပါတယ်။ ကျန်းမာရေး ပြဿနာအရ ကဖင်းဓာတ်ဟာ သေွးထဲစီးဆင်းမှုကနေ တစ်ဆင့် ဦးနေှာက်နဲ့ နှလုံးကို အဓိက တိုက်ခိုက်တာ ဖြစ်ပါတယ်။
ကော်ဖီသောက်လိုက်ပြီး မကြာခင် စွမ်းအားဖြည့်အချိုရည် သောက်သုံးမိလိုက်လို့ မူးမိုက်လာတယ်၊ နှလုံးတုန် ရင်တုန် ခံစားလာနေရပြီဆိုရင် ဒါဟာ သင့်အတွက် မသင့်လျော်တဲ့ ကဖင်းဓာတ် ဖြစ်ကြောင်း ခန္ဓာကိုယ်က အချက်ပြလိုက်ခြင်းပါပဲ။ ဒါကို ဆင်ခြင်ပြီးတော့ သတိနဲ့သာ ထိန်းသိမ်းရမှာပါ။
ဒီနေ့လိုခေတ်မှာ ကဖင်းဓာတ်မြောက်မြားစွာ ပါဝင်နေတဲ့ အချိုရည်တေွကို နှစ်စဉ်တိုင်း လီတာ သန်း၆ဝဝ အထိ သောက်သုံးနေကြပြီး ဆင်ခြင်နိုင်ကာမှ တော်ကာကျပါမယ့် ခေတ်ကြီးမှာ စီးပွားရေးအရ လူသားတေွရဲ့ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုကို အသုံးချလာတဲ့ စီးပွားဖြစ် ထုတ်ကုန်တေွရဲ့ အစားအသောက်နဲ့ အရသာရမ္မက်တပ်မက်မှုကနေ ကျန်းမာရေးအသိ သတိဟာ ပျောက်ပြယ်လာတာကြောင့် အခုအကြောင်းအရာလေးကို အများသိရှိနိုင်ရန် အခုလိုပဲ မျှဝေပေးလိုက်ရခြင်းပဲ ဖြစ်ပါတယ်။
#Ref( Burmese.asia news - စွမ်းအားဖြည့်အချိုရည်နဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)