ချင်း (ဂျင်း) ရဲ့ အာဟာရတန်ဖိုးနဲ့ အသုံးဝင်ပုံအကြောင်းကို ရေှးယခင် နှစ်ပေါင်းများစွာတည်းက သိရှိခဲ့ကြတာပါ။ ဒါကြောင့်လည်း ဟင်းချက်တဲ့အခါ မပါမဖြစ် ထည့်သုံးကြသလို၊ နေမကောင်းဖြစ်တဲ့အခါ ဒါမှမဟုတ် နှာစေချောင်း ဆိုးဖြစ်တဲ့အခါ ချင်းပြုတ်ရည်ကို အိမ်တွင်းကုထုံးအဖြစ် လက်စွဲသုံးလာကြပါတယ်။ ချင်းပြုတ်ရည်ဟာ လူ့ခန္ဓာကိုယ်မှာ တွယ်ညှိနေတဲ့ ရောဂါပိုးမွှား၊ မှုိရောဂါတေွကို သေစေနိုင်သလို ရောင်ရမ်းခြင်းနဲ့ ရာသီတုပ်ကေွး ဗိုင်းရပ်စ်တေွကိုပါ သေစေနိုင်စွမ်း ရှိပါတယ်။ ကမ္ဘာပေါ်မှာ နေ့စဉ် ချက်ပြုတ်စားသောက်နေကြတဲ့ အစားအစာတေွထဲမှာ ချင်းရဲ့ကျန်းမာရေး အကျိုးကျေးဇူးတေွကတော့ အံ့မခန်းပါပဲ။
ပူစပ်စပ် အရသာရှိပြီး အရသာပြင်းရှရှ ဖြစ်ပေမယ့်လည်း ချင်းအမြစ်ဟာ အရသာရှိသလို အာဟာရလည်း ပြည့်ဝပါတယ်။ အလွယ်တကူ အသုံးပြုနိုင်ပြီးတော့ ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တေွကြောင့် ဖြစ်တဲ့ နေမကောင်းဖြစ်ခြင်းကို ပျောက်ကင်း စေနိုင်သလို ဦးနေှာက်မှတ်နိုင်စွမ်းရည်ကိုပါ မြင့်တက်စေပါတယ်။ ချင်းမှာပါဝင်တဲ့ ကျန်းမာရေးဓာတ်တေွထဲက အဓိက ကတော့ Antioxidants ၊ ရောင်ရမ်းမှုကို သက်သာစေနိုင်ခြင်းနဲ့ အနာရောဂါ ကုသနိုင်တဲ့ ဓာတ်ပေါင်း ဂျင်ဂျရော၊ ပရာဒေါလ်၊ ဇင်ဂျရုန်း စတာတေွ ပါဝင်နေလို့ပါ။
ချင်းကို အစိမ်းဖြစ်ဖြစ်၊ အခြောက်လှန်းတာဖြစ်ဖြစ် ၊ အမှုန့်ကြိတ်သောက်တာအပြင် ဖျော်ရည်အဖြစ်နဲ့ပါ ဘယ်လိုပဲ စားသုံးပါစေ ရရှိမယ့် အာဟာရဓာတ်ကတော့ အတူတူပါပဲ။ ဗီတာမင်စီ အမြောက်အများ ပါဝင်တဲ့အပြင် မဂ္ဂနီစီယမ်နဲ့ အခြားသတ္တုဓာတ်တေွ ပါဝင်လို့ ကိုယ်ခံစွမ်းအားကို မြင့်တက်စေပြီး အစာကြေ ၊ ရင်ချောင်တဲ့အပြင် ရောင်ရမ်းနာကျင်ခြင်းကိုပါ သိသိသာသာ သက်သာစေပါတယ်။
နေ့စဉ် ချင်းပြုတ် ရည်ဖျော်သောက်မယ်ဆိုရင် ကျောက်ကပ်ကျောက်တည်ရောဂါကို ကာကွယ်နိုင်သလို ၊ အသက်အရွယ်ကြီး သူတေွမှာ ဖြစ်တတ်တဲ့ ဒူးဆစ် နာကျင်ကိုက်ခဲခြင်းကိုပါ သက်သာစေပါတယ်။ ဒါအပြင် အသည်းက အဆိပ်အတောက် တေွကိုပါ သန့်စင်စေပါတယ်။
ချင်းပြုတ်ရည် ဖျော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတေွက
--------------------------------------------------------------
ချင်း – အမှုန့်လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
( သို့မဟုတ် ) ပါးပါးလှီးထားတဲ့ ချင်းဖတ် အနည်းငယ်
ဆနွင်း – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
ရေ – ၁ ခွက်
ပျားရည်စစ်စစ် – အနည်းငယ် လိုအပ်ပါတယ်။
၁။ အရင်ဆုံး ရေနေွးဆူအောင် တည်ပါ။
၂။ ရေနေွဆူလာပြီဆိုရင် ချင်းမှုန့်နဲ့ ဆနွင်းမှုန့်ကို ထည့်ပါ။
၃။ ၁ဝ မိနစ်လောက်ထားပြီးမှ အချိုအရသာအတွက် ပျားရည်ထည့်ပြီးတော့ သောက်သုံးနိုင်ပါတယ်။
#Ref( Irrawaddy news - ချင်းပြုတ်ရည်နဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)