အခုလို ပူလောင်အိုက်စပ်လွန်းတဲ့ နေွရာသီမှာ အဲယားကွန်း (Air Conditioner) တေွဟာ အိမ်တိုင်းနဲ့ လုပ်ငန်းခွင်တိုင်းမှာ မရှိမဖြစ် နေရာယူလာကြပါတယ်။ ရာသီဥတုကြောင့် ပူလောင်နေတဲ့ အခြေအနေတစ်ခုကို အဲယားကွန်းတေွက လေှျာ့ချပေးနိုင်တာကြောင့် အပူဒဏ်ကနေ သက်သာတယ်ဆိုပေမယ့် အဲယားကွန်းခန်းထဲမှာပဲ အနေကြာလာရင်တော့ ကျန်းမာရေးအတွက် ဆိုးကျိုးတေွ အများကြီး ဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့် ဒီတစ်ခါမှာတော့ အဲယားကွန်းခန်းထဲမှာပဲ အနေများသူတေွအနေနဲ့ ကျန်းမာရေးဆိုးကျိုးတေွ မဖြစ်ပေါ်ရအောင် သတိပြုလိုက်နာသင့်တဲ့ အချက်တေွကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။
၁။ ရေများများ သောက်ပါ
---------------------------
အဲယားကွန်းခန်းထဲမှာ အနေများခြင်းဟာ ခန္ဓာကိုယ် ရေဓာတ်ခမ်းခြောက်ခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် တတ်နိုင်သလောက် ရေများများ သောက်ပေးသင့်ပါတယ်။ ရေများများသောက်ပေးခြင်းဟာ ခန္ဓာကိုယ်ရေဓာတ် ခမ်းခြောက်ခြင်းကို ပြန်လည် ဖြည့်တင်းပေးနိုင်တဲ့အပြင် အဲယားကွန်းခန်းထဲမှာ အနေကြာခြင်းကြောင့် ဖြစ်တတ်တဲ့ အသားအရေ ခြောက်သေွ့ခြင်းတေွကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၂။ အဲယားကွန်းခန်းထဲကနေ ချက်ချင်း နေပူထဲ ထွက်တာမျိုးနဲ့ ဝင်တာမျိုးကို မပြုလုပ်ပါနဲ့
----------------------------------------------------------------------------------------
အဲယားကွန်းခန်းထဲကနေ နေပူထဲကို ရုတ်တရက်ဆိုသလို ထွက်တာမျိုးနဲ့ နေပူထဲကနေ အဲယားကွန်းခန်းထဲကို ချက်ချင်းဝင်တာမျိုးဟာ နှာခေါင်းသေွးလှျံတာ၊ ဦးနေှာက်သေွးကြောပြတ်တာ စတာမျိုးတေွကို ဖြစ်ပေါ်စေနိုင်တာကြောင့် ဝေးဝေးက ရေှာင်ကြဉ်သင့်ပါတယ်။ ဒါအပြင် Air Cutter ရှိတဲ့နေရာမျိုးတေွမှာဆိုရင် အဲဒီနေရာမှာ ခဏလောက်ရပ်နေပြီးမှာသာ သွားလာတာမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။
၃။ လေကောင်းလေသန့် ထွက်ရှုပေးပါ
--------------------------------------------
အဲယားကွန်းခန်းထဲမှာ အနေကြာခြင်းဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတေွကို ဖြစ်ပေါ်စေနိုင်တာကြောင့် အပြင်ဘက်ကို လေကောင်းလေသန့် ထွက်ရှုပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။
၄။ အဲယားကွန်းသန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ပေးပါ
-------------------------------------------------------------
အဲယားကွန်းတေွဟာ အသုံးပြုတာ ကြာလာတာနဲ့အမှျ ဘက်တီးရီးယားနဲ့ မှုိတေွကို ပေါက်ဖွားစေနိုင်တာကြောင့် အဲယားကွန်း သန့်ရှင်းပြုလုပ်ဖို့ကို မမေ့လျော့သင့်ပါဘူး။ အဲယားကွန်း ပုံမှန်သန့်ရှင်းရေး မပြုလုပ်ခြင်းကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတေွနဲ့ ဓာတ်မတည့်မှုကြောင့် အသားအရေ ယားယံတာမျိုးကို ဖြစ်ပေါ်စေနိုင်တာကြောင့် သတိထားပြီးတော့ ကျန်းမာရေးနဲ့အညီ နေထိုင်သင့်ပါတယ်။
#Ref( Irrawaddy news - အဲယားကွန်းနဲ့ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)