
ခေါင်းကိုက်လိုက်တာ။ ဘာမှမလုပ်ချင်ဘူးလို့များ ဖြစ်နေတဲ့ သူများရှိလား။ ဒါဟာ တကယ်လည်း ဟုတ်ပါတယ်။ ခေါင်းကိုက်တဲ့အခါ လူက ဘာမှကို မလုပ်နိုင်တော့ပါဘူး။ လုပ်ချင်စိတ်ရှိနေရင်တောင် မလုပ်နိုင်တော့ဘူးနော်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဒီပြဿနာကို ဆေးသောက်စရာမလိုုဘဲ အမြန်ဆုံးဖြေရှင်းပေးနိုင်မယ့် နည်းလမ်းလေးတေွအကြောင်းကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။ထို နည်းလမ်းလေးတေွကတော့

၁။ ရေသောက်ပါ
------------------
တစ်ခါတလေမှာ ခေါင်းကိုက်တာက ကိုယ်တွင်းမှာ ရေဓာတ်နည်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်တဲ့အခါ ဆေးတေွဘာတေွမသောက်ခင် အရင်ဆုံး ရေခဲရေမဟုတ်တဲ့ ရေအေးအေးလေးတစ်ခွက်ကို သောက်ချလိုက်ပါ။ ပြီးရင် ခဏလောက် ပတ်ဝန်းကျင်စိမ်းစိမ်းလေးကို ကြည့်လိုက်ပါ။ ဒါဆို မကြာခင် သက်သာသွားပါလိမ့်မယ်။

၂။ နှိပ်နယ်ပေးပါ
------------------
ကိုယ်တိုင်လုပ်လို့ရပါတယ်။ အခြားသူကို အားကိုးစရာမလိုပါဘူး။ ဇက်ကြောနဲ့ နားထင်တို့ကို လက်ချောင်းလေးတေွသုံးလို့ဖြည်းဖြည်းချင်းနှိပ်ပေးပါ။ တင်းနေတဲ့အကြောတေွပြေလျော့သွားပြီး ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။

၃။ ချင်း (ဂျင်း) နည်းနည်းစားပါ
----------------------------------------
ချင်း (ဂျင်း) က ဆေးဖက်ဝင်တာတော့ သိပြီးဖြစ်မှာပါ။ ခေါင်းကိုက်တဲ့အခါ ချင်း (ဂျင်း) တစ်ပြားလောက်ကို ဝါးစားပေးပါ။ ဒါမှမဟုတ် ချင်း (ဂျင်း) ကိုဝါးမစားချင်ဘူးဆိုရင်လည်း ရေနေွးဆူဆူဆူထဲ ထည့်ပြုတ်ပြီး ချင်းပြုတ်ရည်လေးသောက်ပေးလို့ရပါတယ်။

၄။ အနားယူပါ
---------------
အိပ်ရေးမဝတာကြောင့် ဒါမှမဟုတ် ပင်ပန်းလွန်းတာကြောင့် ခေါင်းကိုက်တာမျိုးဖြစ်တဲ့အခါ ခန္ဓာကိုယ်က အနားပေးလိုက်တာကလည်း ဆေးသောက်စရာမလိုဘဲ ခေါင်းကိုက် သက်သာသွားစေနိုင်ပါတယ်။ ဒါကြောင့် ခဏလောက်ဖြစ်ဖြစ် တိတ်ဆိတ်တဲ့နေရာမှာ မျက်လုံးလေးမှိတ်လို့ အနားယူလိုက်ပါ။ အနားယူနေစဉ်မှာ ခေါင်း၊နားထင်နဲ့ ဇက်ကြောမှာရှိနေတဲ့ တင်းအားတေွကိုပြေလျော့စေဖို့ ကိုယ်နေဟန်ထား မှန်မှန်လေးထားပေးပါ။

၅။ လေ့ကျင့်ခန်းလုပ်ပါ
----------------------------
ပြင်းထန်တဲ့ လေ့ကျင့်ခန်းတေွ လုပ်ခိုင်းတာမဟုတ်ပါဘူး။ ယောဂလေ့ကျင့်ခန်းလိုမျိုး အကြောတေွ ပြေလျော့စေနိုင်တဲ့လေ့ကျင့်ခန်းကို လုပ်ခိုင်းတာပါ။ နေ့စဉ်ပုံမှန် အကြောလေှျာ့ပေးတာကလည် ခေါင်းကိုက်တာကို မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ တိတ်ဆိတ်ငြိမ်သက်နေတဲ့နေရာလေးမှာ တရားထိုင်တာကလည်း ခေါင်းကိုက်တာကို သက်သာစေဖို့ အထောက်အပံ့ပေးနိုင်မှာပါ။တစ်နေ့တာလုပ်ငန်းဆောင်တာတေွကို လုပ်ဆောင်နေတုန်း ခေါင်းကိုက်လာခဲ့ရင် အခုပြောခဲ့တဲ့နည်းလမ်းလေးတေွအတိုင်း လုပ်ကြည့်ပြီးတော့ ခေါင်းကိုက်ဝေဒနာကို ခပ်ဝေးဝေးလေး မောင်းထုတ်လိုက်ရအောင်လား။
#Ref( Hello - ခေါင်းကိုက်ခြင်းနဲ့ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)