Kyarlay.com
almost 2 years
ပူပြင်းတဲ့ကာလမှာ ကလေးငယ်တွေကို ခရမ်းလွန်ရောင်ခြည် သတိပြုပေးပါ
B9umhj9v4jd4ou7rqsag
Qwvdyrcbroka4hz0z2ls
G3aanrgrnbk2vd2cpbvt
HM (ကျားလေး)
>>>> Unicode Version <<<<
Bq3w51tldj5q4zd77xzh
ပူပြင်းတဲ့ကာလမှာ ခရမ်းလွန်ရောင်ခြည်သတိပြုပေးပါ
မေမေတို့ရေည အခုလိုပူပြင်းပြီး နေရောင်ပြင်းနေတဲ့အချိန်ကာလမှ ဘေဘီလေးတွေအတွက် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကာကွယ်ရေးသတိပြုသင့်ပါတယ်။ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကတော့ ကလေးငယ်တွေက လူကြီးတွေထက်ပိုပြီး ဆိုကျိုးတွေများနိုင်ပါတယ်။ အဲ့ဒါကြောင့်လည်း ဖေဖေ၊ မေမေနဲ့ မိသားစုဝင်တွေက ဘေဘီလေးတွေနဲ့ပတ်သက်တဲ့ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို ကာကွယ်နိုင်ဖို့ ဂရုစိုက်သင့်တာလေးတွေကို ကျားလေးက မျှဝေပေးလိုက်ပါတယ်နော်။
ဖေဖေ၊ မေမေတို့ရေ ဘေဘီလေးတွေ ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကင်းဝေးစေဖို့အတွက် ...
- အသက် တစ်နှစ်အောက်ကလေးတွေကို နေပူထဲကို ခေါ်ဆောင်မှုမပြုပါနဲ့။
- ကလေးငယ်တွေကို အရိပ်ထဲမှာသာကစားပါစေ။
- ကလေးငယ်တွေအပြင်ထွက်ဖို့လိုအပ်ပါက သနပ်ခါးထူထူ (ဒါမှမဟုတ်) နေရောင်ခံလိမ်းဆေးကို မျက်နှာ၊ လည်ပင်း၊ ပခုံး၊ နောက်ကျော၊ ခြေထောက်နဲ့ ခြေဖမိုးတွေပေါ်ကို လိမ်းပေးပါ။ ချည်သားထူထူ ပွပွ အင်္ကျ ီတွေကို ဝတ်ဆင်ပေးပါ။ နေကာမျက်မှန်တပ်ဆင်ပေးပါ။ ဦးထုပ်၊ ထီးဆောင်းပေးပါ။
အဓိကအနေနဲ့ကတော့ အခုလိုပူပြင်းနေတဲ့အချိန်ကာလမျိုးမှာ ဘေဘီလေးတွေကို အကာ၊ အဆောင်းမပါဘဲနဲ့ အပြင်ကိုလုံးဝခေါ်မသွားဖို့ အရေးကြီးပါတယ်နော်။
ခရမ်းလွန်ရောင်ခြည်ထိတွေ့မိပြီဆိုရင်တော့ လတ်တလောနေလောင်တာတွေအပြင် ကြာလာတဲ့အခါ၊ ပြင်းထန်တဲ့အခါမျိုးတွေမှာ ခုခံအားကျဆင်းတာ၊ အရေပြားကင်ဆာဖြစ်တာတွေအထိပါ ဖြစ်ပေါ်တတ်ပါတယ်နော်။ ခရမ်းလွန်ရောင်ခြည်က မနက် ၁၀ နာရီကနေ ညနေ ၄ နာရီလောက်အထိ ကာလအတွင်းမှာ မြင့်မားစွာကျရောက်နိုင်တဲ့အတွက် အဲ့ဒီအချိန်တွေအတွင်း ဖေဖေ၊ မေမေတွေ၊ မိသားစုဝင်တွေအားလုံးက ဂရုတစိုက်နဲ့ ကလေးငယ်တွေကို ပြုစုစောင့်ရှောက်ပေးဖို့လိုအပ်ပါတယ်နော်။ ပျော်ရွှင်ကျန်းမာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော် ..
မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)