ကိုယ်ဝန်ဆောင်တဲ့အချိန်အတွင်း နှစ်ယောက်စာအတွက်ဆိုကာ အစားအသောက် အလွန်အကျှံစားသုံးသော အမျိုးသမီးများမှ မေွးလာတဲ့ ကလေးငယ်များသည် အသက်(၁၅)နှစ်အရွယ်တွင် အဝလွန် ဖြစ်လာနိုင်ပါတယ်။
ဒါအပြင် ကိုယ်ဝန်ဆောင်ချိန်အတွင်း အလွန်အကျှံစားခြင်းကြောင့် မိခင်ရော ကလေးပါ ပြင်းထန်သော ကျန်းမာရေးရှုပ်ထေွးမှုများဖြစ်ပေါ်နိုင်ကြောင်းကို သုတေသီများက အခုလိုပဲ ပြောပြထားပါတယ်။
အမျိုးသမီး ၁၁,၀၀၀ ကျော်ကို လေ့လာရာတွင် ကိုယ်ဝန်ဆောင်ချိန်အတွင်း အစားအသောက်ကို ထိန်းချုပ်စားသောက်နိုင်ခြင်းမရှိသူ ၃၆ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး ယင်းပမာဏဟာ ကိုယ်ဝန်ဆောင်သုံးဦးတွင် တစ်ဦး အစားအသောက်ကို အလွန်အကျှံစားတဲ့ သဘောပါပဲ။ ကိုယ်ဝန်ဆောင်ချိန်အတွင်း အစားအသောက် အလွန်အကျှံစားတဲ့ အမျိုးသမီးများ ကိုယ်အလေးချိန် မြင့်တက်လာနိုင်ပြီးတော့ ကိုယ်ဝန်ဆောင်မှုနှင့် ကလေးမေွးဖွားချိန် ကိုယ်အလေးချိန်၊ ရေရှည်ကိုယ်အလေးချိန် တို့အပေါ် ကောင်းကောင်း ထိခိုက်မှုရှိနိုင်လာစေပါတယ်။
ကိုယ်ဝန်ဆောင်ချိန်အတွင်း အမျိုးသမီးများ အစားကို ထိန်းထိန်းသိမ်းသိမ်း စားသောက်နိုင်ခြင်းသည ် ကြုံတေွ့နေကျ အခြေအနေဖြစ်ပြီး မိခင်နှင့်ကလေးနှစ်ဦးစလုံးအတွက် အန္တရာယ်ရှိသော်လည်း တော်တော်များများက ယင်းအလေ့အထာကို အာရုံစိုက်မှု အလွန်နည်းပါးသည်ဟု သုတေသီများက ပြောပြထားပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်အတွင်း ကိုယ်အလေးချိန် မြင့်တက်လာခြင်းဟာ ကလေးငယ်ကို အဝလွန် ဖြစ်စေနိုင်သည့် အန္တရာယ် ကြီးမားစေရုံသာ မဟုတ်ဘဲ မိခင်လည်း နောက်ပိုင်းတွင် အဝလွန်ခြင်း ဖြစ်စေနိုင်ပါတယ်။
ယင်းကဲ့သို့ အစာ စားသောက်မှုကို မထိန်းချုပ်နိုင်တဲ့ အမျိုးသမီးတေွဟာ ကိုယ်ဝန်ဆောင်ချိန်အတွင်း အစားရေှာင်နိုင်ခြေ ပိုများပြီးတော့ ၎င်းတို့၏ ခန္ဓာကိုယ် ပုံသဏ္ဌာန် နှင့်ပတ်သက်၍ စိတ်အလိုမကျမှုတေွ ပိုများလာစေပါတယ်။ ဒါအပြင် တစ်ချိန်တည်းတွင် ၎င်းတို့သည် ချောကလက်နှင့် ကိတ်မုန့် ကဲ့သို့ သရေစာများ ပိုစားလေ့ရှိပြီးတော့ ဗီတာမင်အေ၊ စီနှင့်ဘီတို့ စားသုံးမှုနည်းပါးကာ ကယ်လိုရီစားသုံးမှု ပိုများလေ့ရှိကြောင်းကို သိရှိရပါတယ်။
#Ref( Ref: Daily Mail - ကိုယ်ဝန်ဆောင်မိခင်နဲ့အစားအစာဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)