သင့်ရဲ့ ကလေးငယ် မှန်ရေှ့မှာ ဆော့ကစားခြင်းဟာ မြောက်များလှစွာသော အကျိုးကျေးဇူးတေွ ရရှိစေမှာပါ။ မှန်ရေှ့မှာထားတဲ့ ကလေးငယ်တေွဟာ သာမန်ကလေးငယ်တေွနဲ့ ယှဉ်ရင် ရေှးခေတ်အယူအဆတေွသာဖြစ်ပြီး မှန်ကန်မှုမရှိပါဘူး။ ဆေးပညာရှုထောင့်ကနေကြည့်မယ်ဆိုရင် ဒီအယူအဆဟာ လုံးဝမှားယွင်းနေပါတယ်။
ကလေးငယ်တေွ မှန်ရေှ့မှာ ဆော့ကစားခြင်းဟာ သူတို့ရဲ့ ခန္ဓာကိုယ်အချိုးအစား တည်ဆောက်ပုံအကြောင်းကို သင်ယူပြီးသား ဖြစ်သွားစေပြီး သူ့ရဲ့ပင်ကိုယ်ပုံစံနဲ့ လှုပ်ရှားမှုအကြောင်းတေွကိုလည်း သိရှိသွားမှာ ဖြစ်ပါတယ်။ ကလေးငယ် ၈လသားအရွယ်ဟာ ဒီအခြေအနေအတွက် အသင့်တော်ဆုံးပါပဲ။
ပထမဆုံးအကြိမ် သင့်ရင်သေွး မှန်ရေှ့ရောက်ရှိချိန်မှာ မှန်ထဲမှာပေါ်လာတဲ့ပုံရိပ်ဟာ တခြားတစ်ယောက်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ မှန်ထဲက ပုံရိပ်လေးနဲ့ စကားပြောမယ် ၊ ဆော့မယ် ၊ ပြုံးပြမယ် စသဖြင့် အပြုအမူလေးတေွဟာ ကလေးငယ်ရဲ့ ပေါင်းသင်းဆက်ဆံရေး ၊ စာနာနားလည်စိတ်နဲ့ မှျဝေခံစားတဲ့ အပိုင်းတေွကို အထူးတိုးတက် ကောင်းမွန်စေပါလိမ့်မယ်။
ပြီးတော့ မှန်ရေှ့မှာ ကစားလေ့ရှိတဲ့ ကလေးငယ်ဟာ ဉာဏ်ရည်ဖွံ့ဖြိုးမှုအပိုင်းမှာလည်း တခြားကလေးတေွထက် ပိုမိုသာလွန်နိုင်ပါတယ်။ မှန်ထဲက ပုံရိပ်ဟာ ကလေးလုပ်တဲ့အတိုင်း ပေါ်နေမှာဖြစ်တာကြောင့် ဒါကိုမြင်နေရတဲ့ ကလေးငယ်မှာ ဦးနေှာက်ရဲ့ မှတ်သားနိုင်မှုစွမ်းရည် ပိုမိုအားကောင်းလာပါလိမ့်မယ်။
မှန်ရေှ့မှာ ကစားလေ့ရှိတဲ့ ကလေးငယ်တေွဟာ လုံခြုံမှုနဲ့ ယုံကြည်မှုတို့ကိုလည်း ခံစားရမှာဖြစ်ပါတယ်။ မှန်တစ်ချပ်ဟာ ကလေးငယ်အတွက် ကစားစရာပစ္စည်းမဟုတ်ပေမယ့်လည်း အထိုက်အလျောက် ပျော်ရွှင်မှု ပေးစွမ်းနိုင်ပါတယ်။
HYA (kyarlay)