အမျိုးသမီးတေွဟာ ကိုယ်ဝန်ဆောင်ကာလမှာတုန်းက ဟော်မုန်းပြောင်းလဲမှုကြောင့် ဆံသားကောင်းမွန်ကျော့ရှင်းမှုတေွကို အပြည့်အဝခံစားခဲ့ရပေမယ့် မီးဖွားပြီးနောက်ပိုင်းမှာတော့ ရုတ်ချည်းဆိုသလို ဆံပင်ကျွတ်တာတေွကို စိတ်ပျက်စရာကောင်းလောက်အောင် တေွ့ကြုံရတော့မှာပါ။ မေမေတို့အတွက်တော့ ဒါဟာ အိပ်မက်ဆိုးတစ်ခုဖြစ်ပြီး ဒီအခြေအနေကနေ အမြန်ဆုံးလွတ်မြောက်နိုင်ဖို့ အလိုရှိကြပါတယ်။
တစ်ကိုယ်ရည်ကျန်းမာရေးနဲ့ အာဟာရညီညွတ်မှျတဖို့ အစားအသောက် စားသုံးမှုပုံစံက အရေးအကြီးဆုံးပါပဲ။ မီးဖွားပြီးနောက်ပိုင်းမှာ မကြာခဏဆံပင်ကျွတ်တဲ့ပြဿနာကို အစားအသောက် မှန်မှန်ကန်ကန် စားသုံးပေးခြင်းဖြင့် ပြန်လည်ကုစားနိုင်ပါတယ်။ သစ်သီးဝလံများ ၊ ဟင်းသီးဟင်းရွက်များ ၊ အစိမ်းရောင်များများပါသော အစားအစာများက သင့်ရဲ့ဆံသား ပျက်စီးဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်မှာပါ။
မီးဖွားပြီးနောက်ပိုင်းမှာ ဆရာဝန်က မိခင်ကို ဗီတာမင်အားဆေးများ ပုံမှန်ဆက်လက်သောက်သုံးဖို့ ညွှန်ကြားပါလိမ့်မယ်။ ဒါပေမယ့် မိခင်လောင်းတေွဟာ ရင်သေွးငယ်လေးရရှိချိန်မှာ မိမိရဲ့ကျန်းမာရေးထက် သားသမီးရဲ့ ကျန်းမာရေးအခြေအနေတေွကို ပိုပြီးအာရုံစိုက်လေ့ရှိကာ ဆေးသောက်ဖို့ မေ့လျော့တတ်ကြပါတယ်။ ဒါဟာ ဆံပင်ကျွတ်ခြင်းရဲ့ ပြဿနာတစ်ရပ် ဖြစ်ကောင်းဖြစ်နိုင်ပြီး သင့်အနေနဲ့ မမေ့မလျော့ လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။
သင်စိတ်ဓာတ်ကျနေချိန်မှာ ဆံပင်တေွပိုမိုပျက်စီးဆုံးရှုံးရတယ်ဆိုတာ သင်သတိထားမိပါရဲ့လား? သင့်ရဲ့စိတ်ခံစားချက် အတက်အကျဟာ သင့်ရဲ့ ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်တေွနဲ့ တိုက်ရိုက်သက်ရောက်မှု ရှိနေပါတယ်။ ဒါ့ကြောင့် သင့်စိတ်ခံစားချက်အခြေအနေတေွကို တတ်နိုင်သမှျ ပျော်ရွှင်စွာထားခြင်းက မီးဖွားပြီးနောက်ပိုင်း မကြာခဏကျွတ်နေတဲ့ ဆံသားတေွကို အကောင်းဆုံး ထိန်းသိမ်းနိုင်မှာပါ။
မိမိရဲ့ကိုယ်ပိုင်ဆံသားကိုလည်း ဂရုတစိုက် ထိန်းသိမ်းသင့်ပါတယ်။ ဆံပင်အခြောက်ခံစက်နဲ့ အချိန်ကြာမြင့်စွာ အသုံးပြုခြင်း ၊ ဆံသားထိခိုက်စေမယ့် ခေါင်းစည်းကြိုးများ ၊ ကလစ်နဲ့ဆံညှပ်များအသုံးပြုခြင်း တို့ကို ရေှာင်ကြဉ်သင့်ပါတယ်။ အကောင်းဆုံး အကြံပြုချင်တာကတော့ မီးဖွားအပြီးမှာ အသင့်တော်ဆုံးဖြစ်မယ့် ဆံပင်ပုံစံကို ပြောင်းလဲပစ်လိုက်ခြင်းပါပဲ။
HYA (kyarlay)