ရင်သေွးငယ်လေးတေွကို လူလားမြောက်ကြီးပြင်းလာအောင် ပြုစုပျိုးထောင်ရတဲ့အလုပ်ဟာ သိပ်ပြီးတော့ မလွယ်ကူလှပါဘူး။ သင့်ဘဝရဲ့ အရေးကြီးတဲ့ ကာလတေွှဖစ်ပြီး ကမ္ဘာပေါ်မှာ စိတ်ကျေနပ်စရာအကောင်းဆုံးနဲ့ အပင်ပန်းဆုံး အလုပ်တစ်ခုလို့ သတ်မှတ်ရပါမယ်။ သင့်ရင်သေွးငယ်လေး ပျော်ရွှင်နေတဲ့အခါ သင်ခံစားရတဲ့ ကျေနပ်ပီတိဖြစ်မှုမျိုးဟာ ဘယ်လိုအရာနဲ့မှ နိှုင်းယှဉ်ပြလို့ ရနိုင်မယ်မထင်ပါဘူး။
သင့်ရင်သေွးငယ်လေးကို အချိန်ပြည့် ပျော်ရွှင်အောင်ပြုလုပ်ပေးဖို့ သိပ်မလွယ်ကူပါဘူး။ ဒါပေမယ့် အချိန်တော်တော်များများကိုတော့ ပြုံးပျော်နေအောင် ဖန်တီးပေးလို့ ရနိုင်ပါတယ်။ ရင်သေွးငယ်လေးတေွကို အဓိကပြုံးပျော်စေနိုင်တာကတော့ တေးဂီတပါ။ ကလေးနှစ်သက်မယ့် ဂီတသံစဉ်လေးတေွဖွင့်ပေးပြီး အတူတူ လိုက်ပါကခုန်ပေးခြင်းက သင့်ကလေးငယ်ကို ပြုံးပျော်လန်းဆန်း နေစေမှာပါ။
စိုစွတ်နေတဲ့အနှီးနဲ့ ကလေးဆီးခံဘောင်းဘီတေွက သင့်ကလေးကို စိတ်ရှုပ်ထေွးပြီး မသက်မသာဖြစ်စေမှာပါ။ နောက်ပြီး ရင်သေွးငယ်ရဲ့အရေပြားကို ယားယံစေကာ အနာဖုများလည်း ပေါက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးအနှီးနဲ့ ဆီးခံဘောင်းဘီတေွကို အမြဲခြောက်သေွ့နေအောင် ပြုလုပ်ပေးခြင်းက သင့်ရင်သေွးကို ပျော်ရွှင်စေနိုင်ပါတယ်။
မေွးကင်းစကလေးငယ်တစ်ယောက်ဟာ တစ်နေ့ကို အိပ်စက်ချိန်အနည်းဆုံး ၁၄နာရီကနေ ၁၆နာရီကြားလိုအပ်ပါတယ်။ ဒါပေမယ့် သူတို့တစ်ကြိမ်အိပ်စက်ချိန် ၂နာရီထက် ပိုမကြာသင့်ပါဘူး။ ဒါ့ကြောင့် သင့်ရင်သေွးကို နေ့လည်နေ့ခင်းဖက်တေွမှာပါ ခဏတဖြုတ် မေှးစက်စေသင့်ပါတယ်။ နောက်ပြီး သင့်ရင်သေွးကို ဒီအခန်းလေးထဲမှာ ထားတဲ့အခါ ပျင်းရိငြီးငေွ့လာနိုင်ပါတယ်။ ဒါ့ကြောင့် ရင်သေွးငယ်နေထိုင်တဲ့ အခန်းအပြင်အဆင် ၊ ပရိဘောဂထားသိုပုံတေွကို မကြာခဏ ပြောင်းလဲပေးသင့်ပါတယ်။
ကလေးငယ်တစ်ယောက် ဂျီကျနေရခြင်းရဲ့ အကြောင်းပြချက်တေွထဲမှာ ဖြစ်နိုင်ချေ အရှိဆုံးက ဗိုက်ဆာနေလို့ပါပဲ။ ဒါ့ကြောင့် သင့်ရင်သေွး ဗိုက်ဆာနေသလား ၊ အစာကျေွးသင့်တဲ့အချိန်ရောက်ပြီလားဆိုတာ ဂရုတစိုက်နဲ့ စောင့်ကြည့်ကျေွးပေးခြင်းဖြင့် သင့်ကလေးကို ပျော်ရွှင်မှုရရှိအောင် ပြုလုပ်ပေးနိုင်ပါတယ်။
HYA (kyarlay)