ထောပတ်သီးဟာ ကျွန်တော်တို့လူသားတေွ မျိုးပွားဖို့အတွက် အဓိကထောက်ပံ့ပေးတဲ့ အသီးတစ်မျိုးအဖြစ် လူသိများကြပါတယ်။ အိမ်ထောင်သည်အမျိုးသမီးတေွအတွက် ကိုယ်ဝန်ဆောင်ကာလမှာသာမက သားသမီးရယူဖို့ ရည်ရွယ်နေတဲ့ အချိန်ကာလမှာတောင် စားသုံးပေးလို့ အကျိုးများတဲ့ အသီးလည်း ဖြစ်ပါတယ်။
အနံ့အရသာနဲ့ပြည့်စုံပြီး အာဟာရဓာတ်တေွလည်း အထူးကြွယ်လှတာကြောင့် လူကြိုက်များလှတဲ့ ထောပတ်သီးဟာ ကိုယ်ဝန်ဆောင်မိခင်တေွရဲ့ ဝမ်းဗိုက်ထဲက သန္ဓေသားလေး ကြီးထွားဖွ့ံဖြိုးတိုးတက်ဖို့အတွက် ဖောလစ်အက်ဆစ်ဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်တို့နဲ့ အဓိကဖွဲ့စည်းထားပါတယ်။
ကိုယ်ဝန်ဆောင်မိခင်လောင်းတေွမှာ ဖောလစ်အက်ဆစ်ဓာတ် ရရှိဖို့က မရှိမဖြစ်အရေးကြီးပါတယ်။ ဒီအတွက် ထောပတ်သီးက ဖြည့်ဆည်းပေးပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ကာလမှာ သံဓာတ်အားနည်းမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ သေွးအားနည်းရောဂါကိုလည်း ထောပတ်သီးစားသုံးခြင်းဖြင့် ကာကွယ်ပေးနိုင်ပါတယ်။
မိခင်လောင်းတေွရဲ့ အစာအိမ်ပိုင်းဆိုင်ရာ ဝေဒနာများကိုလည်း ထောပတ်သီးက သက်သာစေနိုင်တယ်။ ဗီတာမင်ဓာတ်တေွ အမြောက်အများပါဝင်တာကြောင့်လည်း ကိုယ်ဝန်ဆောင်တေွရဲ့ ကျန်းမာရေးကို ညီညွတ်မှျတစေရုံသာမက သန္ဓေသား ကြီးထွားဖွ့ံဖြိုးဖို့အတွက်လည်း အထောက်အပံ့ပေးနိုင်ပါတယ်။
ဒါ့အပြင် သန္ဓေသားရဲ့ ဦးနေှာက်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ခြင်း ၊ မိခင်လောင်းတေွရဲ့ ကိုယ်ဝန်ဆီးချိုရောဂါဖြစ်နိုင်ချေနဲ့ ခြေထောက်ကြွက်တက်ခြင်းတို့ကို လေှျာ့ချပေးနိုင်တာကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ ထောပတ်သီးမဖြစ်မနေ စားသုံးပေးသင့်ပါတယ်။
HYA (kyarlay)