အများအားဖြင့်တော့ အမျိုးသမီးတေွဟာ ပထမဆုံးရင်သေွးလေးကို အသက် ၂၀ အရွယ်ပတ်ဝန်းကျင်မှာ မေွးလေ့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသက် ၂၀ ၀န်းကျင်အရွယ်မှာ သင်ဟာ ပိုပြီးတော့ ခံနိုင်ရည်ရှိတယ်လို့ ယူဆထားလို့့ပါ။ ဒါမှမဟုတ်ရင်လည်း ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့အတွက် အချိန်တေွ အများကြီး လိုအပ်တယ်လို့ ခံယူထားကြတာလည်း ပါမယ်ထင်ပါတယ်။ သုတေသီတေွကတော့ မိခင်ဖြစ်သူ အသက် ၃၀ ကျော်ပတ်ဝန်းကျင်လောက်မှာ မေွးတဲ့ကလေးတေွက ပိုပြီးတော့ တော်ကြသလို ဉာဏ်ရည်ပိုထက်မြတ်တဲ့ ကလေးတေွ ရလာနိုင်တယ်လို့ ဆိုလိုက်ပါတယ်။
စာဖတ်သူတို့ အားရင် အခုပဲ မိသားစုဝင်ထဲကို ကြည့်ကြည့်ပါ။ အကြီးဆုံးကလေးတေွထက် အသက် ၃ဝ ကျော်ကျော်မှာ မေွးထားတဲ့ အငယ်လေးတေွက ပိုပြီးတော့ လည်ကြတယ်။ ဉာဏ်ရည်ထက်မြတ်ကြတာကိုလည်း တေွ့ဖူးကြမှာပါ။ အများအားဖြင့်ပေါ့လေ။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ ကြည့်လိုက်ရင်တော့ အဲဒီသီအိုရီ လေ့လာတေွ့ရှိချက်ဟာ ဟုတ်မှန်တယ်လို့ ထောက်ခံပေးလျက် ရှိနေပါတယ်။
ဘာဖြစ်လို့ အသက် ၃ဝ ကျော်ကျော် ၃ဝ ၀န်းကျင်မှာ ကလေးမေွးပေးသင့်လဲဆိုရင်တော့ အဲဒီအသက်အရွယ်မှာဆို အမျိုးသမီးတေွဟာ ပိုပြီး ဘဝအကြောင်းကို နားလည်လာတယ်။ အိမ်ထောင်သက်လည်း နည်းနည်းရှိပြီး (သို့မဟုတ်) အလုပ်လုပ်တာလည်း ကြာပြီဆိုတော့ ၀င်ငေွတေွလည်း ပိုကောင်းလာတယ်။ အရင် အသက် ၂ဝ ၀န်းကျင် အရွယ်ကထက် ပိုပြီးတော့ ကျန်းမာရေးကို ဂရုစိုက်လာကြတယ်။ ပြီးတော့ ပိုပြီးလည်း ရင့်ကျက်တည်ငြိမ်လာကြပါတယ်။
မိခင် (သို့မဟုတ်) မိဘတေွကို ကြည့်ပြီးတော့ သူ့ကလေးက ဘယ်လိုပုံမျိုးဖြစ်လာမယ်။ ပြီးတော့ ဘယ်လိုအပြုအမူမျိုးတေွ ရှိလာမယ်ဆိုတာကို လူကြီးတေွက ကြိုပြီးတော့ သိနေတတ်ကြပါတယ်။ မေွးလာမယ့် ကလေးရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးထက်မြတ်မှုဟာ မိဘတေွအပေါ်မှာ ရာနှုန်းပြည့် မူတည်ပါတယ်။
အိမ်ထောင်လည်း ကျပြီးတော့ အနာဂတ်မိသားစုဘဝလေးအတွက် အစီအစဉ်တေွကို ဆွဲကြတဲ့အခါ ကလေးမေွးမယ့် အစီစဉ်လည်း ပါလာမှာပါ။ ဒါဆို စာဖတ်သူတို့ကော ဘယ်အရွယ်လောက်မှာ ကလေးယူမယ်လို့ စဉ်းစားထားကြလဲ။ အားလုံးပဲ ကျန်းမာလန်းဆန်းကြပါစေ။
#Ref( MyStyleMyanmar - ၃ဝကျော်အရွယ်ကလေးမေွးခြင်းဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)