မျက်စိမကောင်းလို့ ပါဝါမျက်မှန်အထူကြီးတေွ တပ်ရတာက တကယ်တော့ စတိုင်လ် ပဲ့ပါတယ်။ ကိုယ့်ရဲ့မျက်လုံး ၊ မျက်ခုံးလှလှလေးတေွကိုလည်း လူအများမြင်အောင် မဖော်ပြရဘဲ မျက်မှန်ထူကြီးတေွရဲ့ နောက်မှာပဲ ဖုံးကွယ်ထားရတာပါ။ မျက်မှန်မတပ်ချင်လို့ မျက်ကပ်မှန် တပ်မယ်ဆိုတော့လည်း ဆေးရည် သေချာစိမ်ပေးရတာနဲ့ ညအိပ်ခါနီးရင် ချှတ်ပေးရတာနဲ့ အလုပ်ရှုပ်ပါတယ်။ ဒီဒုက္ခတေွကို ကင်းဝေးချင်တယ်ဆိုရင်တော့ မိုမိုလေးပရိသတ်ကြီး အနေနဲ့ အောက်ဖော်ပြပါ အသီးအနှံတေွကို ကောင်းကောင်း စားပေးသင့်ပါတယ်။ ထို အသီးအနှံတေွကတော့
၁။ ဟင်းနုနွယ်ရွက်
----------------------
ဟင်းနုနွယ်ရွက်မှာ ဗီတာမင် A ၊ B ၊ C ၊ E တို့ ကြွယ်ဝတဲ့အပြင် သံဓာတ်နဲ့ဇင့်လို သတ္ထုဓာတ်တေွလည်း ကြွယ်ဝပါသေးတယ်။ ဒါအပြင် ဟင်းနုနွယ်ရွက်မှာ ပါဝင်တဲ့ ဓာတုပစ္စည်းတေွှဖစ်တဲ့ လူတိန်းနဲ့ ဇီဇန်သင်းတို့ဟာလည်း မျက်စိကြွက်သား နာကျင်ခြင်းနဲ့ တိမ်စွဲခြင်းတို့လို မျက်စိဆိုင်ရာရောဂါတေွကို ကင်းဝေးစေနိုင်ပြီးတော့ မျက်စိကို ကောင်းကောင်း ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ပါဝါမျက်မှန် တကားကား တပ်နေရတာကို စိတ်ကုန်နေပြီဆိုရင်တော့ ဟင်းနုနွယ်ရွက်ကို ပုံမှန် စားပေးသင့်ပါတယ်။
၂။ မုန်လာဥနီ
-----------
မုန်လာဥနီကတော့ အစိမ်းစားလို့လည်းရ၊ ဟင်းချက်စားလို့လည်းရ၊ ဖျော်ရည် ဖျော်သောက်လို့လည်းရတဲ့ အသီးအနှံတစ်မျိုးပါပဲ။ မုန်လာဥနီမှာ ပါဝင်တဲ့ ဘီတာကယ်ရိုတင်းန် (beta-carotene) ဓာတ်ဟာ ခန္ဓာကိုယ်ထဲ ရောက်ရင် ဗီတာမင် A အဖြစ် ပြောင်းလဲသွားနိုင်ပြီးတော့ မျက်စိကျန်းမာရေးကိုလည်း အကျိုးပြုနိုင်ပါတယ်။ မုန်လာဥနီကို ဖျော်ရည်ဖျော်သောက်တာနဲ့ အစိမ်းစားတာကတော့ မုန်လာဥနီထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တေွကို အပြည့်အဝ ရရှိစေနိုင်ပါတယ်။
၃။ ပန်းဂေါ်ဖီစိမ်း
-----------------------
ပန်းဂေါ်ဖီစိမ်းကတော့ ကျန်းမာရေး အကျိုးကျေးဇူးတေွ အများကြီးပါရှိတဲ့ super food တစ်မျိုးပါ။ အဲဒီကျန်းမာရေး အကျိုးကျေးဇူးတေွထဲမှာ မျက်စိအားကောင်းစေတဲ့ အာနိသင်လည်း ပါရှိနေပါသေးတယ်။ ပန်းဂေါ်ဖီစိမ်းမှာတော့ ဗီတာမင် B ၊ လူတိန်းနဲ့ ဇီဇန်သင်းတို့ ကြွယ်ဝစွာ ပါဝင်ပြီးတော့ အဲဒီအာဟာရဓာတ်တေွက မျက်စိကျန်းမာရေးကိုပါ အထူးအကျိုးပြုနိုင်ပါတယ်။ တိတိကျကျပြောရရင်တော့ ပန်းဂေါ်ဖီစိမ်း စားပေးခြင်းက မျက်စိနာခြင်း၊ အမြင်ဝေဝါးခြင်းနဲ့ မျက်စိညောင်းကိုက်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဒါအပြင် ပန်းဂေါ်ဖီစိမ်းဟာ မျက်စိကြွက်သားတေွနဲ့ ကွန်ပျူတာအချိန် အကြာကြီးကြည့်ခြင်းကြောင့် ဖြစ်တတ်တဲ့ မျက်စိပေါ်က stress တေွကို ဖယ်ရှားပေးခြင်းဖြင့် မျက်စိကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။
၄။ ငါး
-------
တူနာတို့၊ ဆယ်လ်မွန်တို့လို အဆီများတဲ့ငါးတေွဟာ အိုမီဂါသရီး ဖက်တီးအက်ဆစ် ကြွယ်ဝတယ်လို့ နာမည်ကြီးပါတယ်။ သူတို့တေွက ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ free radical တေွရဲ့ တိုက်ခိုက်မှုတေွကနေ မျက်စိကို ကာကွယ်ပေးတဲ့ antioxidant တေွလည်း ဖြစ်ကြပါတယ်။ နောက်ပြီးတော့ အိုမီဂါသရီး ဖက်တီးအက်ဆစ်ဟာ မျက်ကပ်မှန်အသုံးပြုခြင်းကြောင့် မျက်စိခြောက်ခြင်းကို ကာကွယ်ပေး နိုင်တယ်လို့လည်း လူသိများပါတယ်။ အဆီများတဲ့ငါးတေွကိုသာ တစ်ပတ်ကို နှစ်ကြိမ်လောက်သာ ပုံမှန်စားပေးကြည့်လိုက်ပါ။ မျက်စိအမြင်အာရုံတေွ အချိန်တိုအတွင်းမှာ တိုးတက်ကောင်းမွန်လာတာကို မြင်တေွ့ရမှာပါ။
၅။ ကြက်ဥ
------------
ကြက်ဥထဲမှာ ပရိုတိန်းဓာတ်များစွာ ပါဝင်ပါတယ်။ တကယ်တော့ ပရိုတိန်းတေွဆိုတာ ကျှန်တော်တို့ခန္ဓာကိုယ် တည်ဆောက်ရေးအတွက်တော့ အခြေခံအုတ်မြစ်တေွလိုပါပဲ။ မျက်စိထဲမှာ ဆဲလ်ပြန်လည် ပျံ့ပွားခြင်း ဖြစ်စဉ်တေွကို ညတွင်းချင်း လုပ်ဆောင်ချင်တယ်ဆိုရင်တော့ ပရိုတိန်းဓာတ် ပြည့်ဝနေဖို့တော့ လိုမှာပါ။ ဒါကြောင့် ဒီအချက်ကို ကြက်ဥက ဖြည့်ဆည်းပေးနိုင်မှာပါ။
#Ref( stylecraze - ပါဝါမျက်မှန်နဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)