ကလေးငယ်လေးများကို အသက် ၆ လအထိ မိခင် နို့ရည်တစ်မျိုးတညး်ကို တိုက်ကျေွးခြင်းဖြင့် ကလေးငယ်အတွက် လိုအပ်သာ အာဟာရများကို ဖြည့်တင်းပေးနိုင်ရုံသာမက ကလေးငယ်လေးကို ရောဂါကူးစက်ခြင်းများမှ ကာကွယ်ရန်အတွက် လိုအပ်သော ကိုယ်ခံစွမ်းအားကိုပါ မြှင့်တင်ပေးပါသေးတယ်။ ကလေးငယ် ၆ လသားကျော်လာချိန်မှာတော့ မိခင် နို့ရည်တစ်မျိုးတည်းက မလုံလောက်တော့ဘဲ ဖြည့်စွတ်စာများစကျေွးဖို့ လိုအပ်လာပါပြီ။
ဖြည့်စွတ်စာများထဲမှ ကလေးငယ်လေးများကို ကျန်းမာရေးကောင်းကျိုးများစွာပေးတဲ့ ကြက်သွန်ဖြူအကြောင်းဖော်ပြပေးချင်ပါတယ်။ ကြက်သွန်ဖြူက အသက်ရှူလမ်းကြောင်းရောဂါများဖြစ်တဲ့ အအေးမိ၊ ဖျားနာ၊ တုပ်ကေွး၊ နမိုးနီးယား၊ ပန်းနာရင်ကြပ် တို့ကို ကိုယ်ခန္ဓာမှ တိုုက်ခိုက်ရာမှာ ကူညီပေးပါတယ်။ ကြက်သွန်ဖြူက အဖျားပြင်းထန်မှုကို လေှျာ့ချပေးပါတယ်။ကြက်သွန်ဖြူက ဘတ်တီးရီးယား ပြန့်ပွားမှုကို တားဆီးပေးတဲ့အတွက် ရောဂါများကြီးထွားခြင်းကိုလည်း ကာကွယ်ပေးပါသေးတယ်။ ကြက်သွန်ဖြူဟာ ကလေးငယ်များ၏ ဝမ်းဗိုက်အတွင်းရှိ တုတ်၊ သန် များကိုလည်း သေစေနိုင်သေးတဲ့အတွက် ကလေးငယ်လေးများကို ကျေွးရန် အထူးသင့်လျော်ပါတယ်။
ကြက်သွန်ဖြူက ကော်လက်စထရော ပမာဏကို ကျစေသလို သေွးပေါင်ချိန် တက်ခြင်းကိုလည်း လေှျာ့ချပေးတဲ့အတွက် နှလုံးရောဂါကိုလည်း ကာကွယ်ပေးပါသေးတယ်။ နှလုံးဖောက်ခြင်း ကိုလည်း အသက်အရွယ် ကြီးလာချိန်အထိကာကွယ်ပေးနိုင်ပါတယ်။ ကြက်သွန်မှာ ဆာလဖာ လည်း ကြွယ်ဝစွာပါဝင်တဲ့အတွက် ကလေးငယ်အတွက် ကင်ဆာရောဂါအမျိုးအစားတော်တော်များများကလည်း ကာကွယ်ပေးပါသေးတယ်။
တစ်နေ့မှာ ကလေးငယ်ကို ကြက်သွန်ဖြူတစ်တက်လောက်သာကျေွးရုံနဲ့ လုံလောက်ပါတယ်။ ကလေးငယ်ဟာ ကြက်သွန်ဖြူကို အစာဓာတ်မတည့်သည့် လက္ခဏာများမပြသပါက ကြက်သွန်ဖြူပမာဏ အနည်းငယ်တိုး၍ကျေွးပေးနိုင်ပါတယ်။ကျန်းမာရေးအကျိုးများစွာပေးသည့် အပြင်အလွယ်တကူပြင်ဆင်နိုင်တဲ့ အတွက် မေမေနတို့က စီစဉ်ပေးရမယ်နော်။
#MiGi