ထိမိလှတဲ့ အရသာကြောင့် ပင်လယ်စာချစ်သူတေွအနေနဲ့ တစ်လကို အနည်းဆုံး ၄ကြိမ်လောက်တော့ စားသုံးလေ့ရှိကြပါတယ်။ အာဟာရဓာတ်များစွာ ပါဝင်တဲ့ ပင်လယ်စာတေွဟာ ကိုယ်ဝန်ဆောင်မိခင်တေွရဲ့ ကျန်းမာရေးကို ထိခိုက်စေသလားဆိုတာလည်း စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတစ်ခုပါပဲ။ ဟုတ်ပါတယ်။ ပင်လယ်စာကိုမှ စွဲလမ်းနှစ်သက်တဲ့ ပျိုမေတေွအနေနဲ့ ကိ်ုယ်ဝန်ဆောင်ချိန်မှာ စားသုံးမယ်ဆိုရင်တော့ အရမ်းကို စွန့်စားရာ ကျသွားမှာပါ။
ပင်လယ်စာတေွထဲမှာမှ ကိုယ်ဝန်ဆောင်တေွကို ဒုက္ခပေးမယ့်အစားအစာကတော့ ကမာပဲဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်လောင်းတေွအနေနဲ့ ကမာကောင်ကို စားသုံးတော့မယ်ဆိုရင် လတ်ဆတ်မှုရှိ၊မရှိနဲ့ သန့်ရှင်းစွာ ချက်ပြုတ်ထားသလားဆိုတဲ့အချက်ကို သေသေချာချာ လေ့လာထားရမှာ ဖြစ်ပါတယ်။
အမေရိကန်ဆေးဝါးနဲ့ အစားအသောက်ကွပ်ကဲရေးအဖွဲ့ (FDA) ကတော့ ကိုယ်ဝန်ဆောင်ကာလအတွင်း ပင်လယ်စာ စားသုံးခြင်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ထားခဲ့ပါတယ်။ ပင်လယ်စာနဲ့ မကျက်တကျက်အသားတေွမှာ ကိုယ်ဝန်ဆောင်သည်တေွကို အဓိက အန္တရာယ်ပေးမယ့် ဘက်တီးရီးယားပိုးတေွ အမြောက်အများ ပါဝင်နေတာကြောင့်ပါ။
ကမာကောင်မှာ ပါဝင်လာမယ့် ဘက်တီးရီးယားပိုးတေွဟာ ကိုယ်ဝန်ဆောင် အမျိးသမီးရဲ့ အစာခြေစနစ်ကို အဓိကဒုက္ခပေးမှာဖြစ်ပြီး ကိုယ်ခံအားနည်းနေတဲ့အချိန်မျိုးမှာ ဖျားနာတဲ့အဆင့်ထိ ရောက်ရှိသွားစေနိုင်ပါတယ်။ ဒါ့အပြင် အစာအဆိပ်သင့်မှုကြောင့် မထင်မှတ်ပဲ ကိုယ်ဝန်ပျက်ကျနိုင်ခြင်း နဲ့ ကလေးအသေမေွးဖွားခြင်းတို့ကိုပါ ဖြစ်ပွားစေနိုင်တဲ့အထိ အန္တရာယ်ရှိတဲ့ အစားအစာပဲ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလဟာ တကယ့်ကို ဘဝရဲ့ အရေးအကြီးဆုံး ကာလတေွထဲကတစ်ခုဖြစ်ပြီး သင့်အနေနဲ့ အနေအထိုင် ၊ အပြုအမူ ၊ အစားအသောက် တို့ကို ဆင်ခြင်သုံးသပ်ပြီးမှသာ ရေွးချယ်သုံးစွဲကြဖို့ တိုက်တွန်းလိုက်ရပါတယ်....။
HYA (kyarlay)