တစ်ခါတစ်ရံမှာ မိဘတေွဟာ ကလေးရေှ့မှာ မလုပ်သင့်တဲ့အရာမျိုးကို အမှတ်မထင် ပြုလုပ်မိတတ်ကြပါတယ်။ တစ်ချို့အချိန်တေွမှာဆို မိမိကလေးရှိနေတာကိုတောင် သတိမထားမိတော့ပဲ ပြုလုပ်မိတာတေွ ရှိပါတယ်။ ဒါဟာ ကလေးရဲ့စိတ်ပိုင်းဆိုင်ရာကို များစွာ ထိခိုက်မှုရှိနိုင်ပါတယ်။ ဘယ်အရာတေွကို ကလေးရေှ့မှာ မလုပ်သင့်တာပါလဲ..?
နေထိုင်ရာအရပ်ဒေသကိုလိုက်ပြီး အယူအဆတေွမတူညီကြပါဘူး။ တစ်ချို့မိဘတေွက မိမိရဲ့ရင်သေွးငယ်ရေှ့မှာ လိင်ဆက်ဆံလေ့ရှိကြပါတယ်။ တကယ့်တော့ ဒါဟာလုံးဝ မဖြစ်သင့်ပါဘူး။ အနည်းဆုံး သင့်ကလေးငယ်အိပ်ပျော်သွားတဲ့ အချိန်အထိတော့ စောင့်သင့်ပါတယ်။
နောက်တစ်ချက်က ကလေးငယ်တေွရေှ့မှာ မိဘတေွအနေနဲ့ စကားများ ရန်ဖြစ်ခြင်း မပြုသင့်ပါဘူး။ ရန်ပွဲ ပြင်းထန်မှု အခြေအနေကိုလိုက်ပြီး ကလေးငယ်မှာ စိတ်ဒဏ်ရာ ရသွားနိုင်ပါတယ်။ ဒါ့အပြင် တစ်ချို့လက်ပါတတ်တဲ့ မိဘတေွကြောင့် ကလေးငယ် အနေနဲ့ မကြာခဏ ဝမ်းနည်းပူဆေွးမှုတေွကို ခံစားနေရမှာပါ။
နောက်ပြီး ကလေးတေွနဲ့မသင့်တော်တဲ့ တီဗွီအစီအစဉ်တေွ ၊ ရုပ်ရှင်ဇာတ်လမ်းတေွကို ကလေးရေှ့မှာ ကြည့်တာ ၊ ကလေးငယ်တေွကို ပြသတာမျိုးကလည်း မဖြစ်သင့်ပါဘူး။ နောက်ဆုံးတစ်ချက်ကတော့ ဆူညံသံတေွပါပဲ။ မိဘတေွဟာ အိမ်မှာ (သို့မဟုတ်) ကားပေါ်မှာ နားဆူစေမယ့် ဂီတအမျိုးအစားတေွဖွင့်ပြီး နားဆင်ခြင်းဟာလည်း သင့်ကလေးရဲ့ အကြားအာရုံကို ကောင်းကောင်းကြီး အနေှာင့်အယှက်ပေးမှာပါ။
ဒါ့ကြောင့် ဖော်ပြခဲ့တဲ့ အချက်တေွကို မိဘတေွအနေနဲ့ ကလေးငယ်ရေှ့မှာ ဘယ်တော့မှ မလုပ်မိဖို့ အထူးဂရုစိုက် ရေှာင်ကြဉ်ပေးသင့်ပါတယ်။
HYA (kyarlay)