ကိုယ်ဝန်သက် ၂၀ ပတ်ကျော်ပြီးချိန်မှာ သေွးနညး်နညး်ပဲဆင်းဆင်း များများပဲဆင်းဆင်း ပုံမှန်မဟုတ်ပါဘူး။ ဆရာဝန်နဲ့ အလျင်အမြန်ပြသ သင့်ပြီး လိင်ဆက်ဆံခြင်းကိုတော့ ရေှာင်ကြဉ်သင့်ပါတယ်။နူးညံ့ပြီး ထိခိုက်လွယ်သော သားအိမ်ခေါင်းကြောင့် ကိုယ်ဝန်ဆောင်စဉ် သေွးဆင်းရခြင်းဖြစ်ပါတယ်။ သားအိမ်ခေါင်း အထိအခိုက်လွယ်ရခြင်းအကြောင်း ရင်းများကတော့ လိင်မှုပြုပြီးချိန်မှာ ယောနိနှင့် သားအိမ်ခေါင်းသို့ သေွးထောက်ပံ့မှု တိုးလာခြင်းကြောင့် ဖြစ်ပါတယ်။ မိခင်ရောကလေးငယ်အတွက် အောက်ဆီဂျင်လိုအပ်မှုကြောင့် လည်း ဖြစ်တတ်ပါတယ်။
လိင်မှုပြုခြင်းကြောင့် ကိုယ်ဝန်ပျက်ကျခြင်းကရှားပါးပါတယ်။ အကြောင်းကတော့ ကလေးငယ်လေးဟာ ရေမြွှာအိတ်အတွင်းမှာ လုံခြုံစွာရှိနေလို့ပါပဲ။ထိုရေမြွှာအိတ်ကတော့ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများကနေ ကလေးငယ်လေးကို ကာကွယ်ပေးထားပါတယ်။ဆိုလိုချင်တာကတော့ ကလေးငယ်လေးဟာ အန္တရာယ်ကင်းနေပါတယ်။ ယခင်ကလည်း ကလေးပျက်ကျဖူူးရင်တော့ လိင်ဆက်ဆံခြင်းမပြုလုပ်သင့်တော့ပါဘူး။
အချို့သော လိင်မှုပြုခြင်းပုံသဏ္ဍာန်များဟာ ဖိအားများသောကြောင့် ရေှာင်ရှားသင့်ပါတယ်။ ကိုယ်ဝန်သက်ရင့်လာလေ ကိုယ်ဝန်သည်များအနေနဲ့ လိင်မှုပြုခြင်းကို ရေှာင်ရှားလာသင့်ပြီး လက်တွဲဖော်ကိုလည်း နားလည်အောင်ပြောပြသင့်ပါတယ်။
လုုံးဝရေှာင်ကျဉ်သင့်သည့် ပုံသဏ္ဍာန်များကတော့ အချင်းက သားအိမ်လမ်းကြောင်းကို တစိတ်တပိုင်း သို့ အပြည့်အဝ ပိတ်သောဆက်ဆံနညး်မျိုးဖြစ်ပါတယ်။ သားအိမ်ပွင့်သွားခြင်းမျိုးလည်းဖြစ်တတ်တဲ့အတွက် ရေှာင်ကျဉ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ ကလေးတစ်ယောက်ထက်ပို ဆောင်ထားရလှျင်လည်း သားပျက်နိုင်ချေပိုများတဲ့အတွက် ရေှာင်ရှားသင့်ပါတယ်။
MiGi