မေမေတို့ရေ ရင်သေွးငယ်လေးတေွကို မိခင်နို့တိုက်ကျေွးတဲ့အခါ နည်းလမး်တကျနဲ့စနစ်မှန်ကန်စေဖို့အရေးကြီးပါတယ်။ အဲ့ဒါကြောင့်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ မှန်ကန်တဲ့ မိခင်နို့တိုက်ကျေွးမှုလမ်းညွှန်လေးတေွကို မေမေတို့အတွက် မှျဝေပေးချင်ပါတယ်။
မိခင် အနေအထား
မိခင်သည် မိခင်နို့တိုက်ကျေွးနေစဉ် အမြဲထိုင်နေစရာမလိုပါ။ အိပ်လျက်နှင့်သော်လည်းကောင်း ထိုင်လျက်နှင့်သော်လည်းကောင်း မည်သည့်အနေအထားဖြင့်မဆို တိုက်ကျေွးနိုင်သည်။ မိခင်သည် ထိုင်၍တိုက်ပါက ကလေး၏ဇက်ကို မိခင်၏တံတောင်ဆစ်ကေွးပေါ်တွင်ရှိရမည်။ မိခင်၏ယင်းလက်သည် ကလေး၏တင်ပါးကို ဖေးမထားရမည်။ မိခင်၏သားမြတ်နှင့် နို့သီးခေါင်းကို လက်နှစ်ချောင်းကြားတွင် ကတ်ကြေးကဲ့သို့ ညှပ်ပေးတတ်သည့် အလေ့အကျင့်ကိုမပြုလုပ်ရပါ။ ကလေးနှာခေါင်းပိတ်မည်စိုး၍ မိခင်၏သားမြတ်ကို ဆွဲဖယ်ခြင်းမပြုလုပ်ရပါ။ မိခင်သည် သက်သာသော အနေအထားတွင်ရှိရပါမည်။
ကေလး၏အေနအထား
ကလေးသည် မိခင်၏ရင်ခွင်တွင် အလိုက်သင့်ရှိရပါမည်။ မိခင်၏သားမြတ်ဘက်သို့ မျက်နှာမူထားရမည်။ ကလး၏ခန္ဓာကိုယ်သည်လည်း မိခင်ဘက်သို့ အလိုက်သင့်လှည့်နေရမည်။ ကလေး၏ကျောနှင့် ဦးခေါင်း တစ်တန်းတည်းရှိရမည်။ကလေး၏ဦးခေါင်းသည် နောက်သို့မလန်စေရပါ။ ကလေး၏လက်သည် မိခင်၏ခန္ဓာကိုယ်ကြားတွင် ညပ်မနေစေရပါ။ ကလေး၏ဝမ်းဗိုက်နှင့် မိခင်၏ဝမ်းဗိုက်သည် ကပ်၍နေရပါမည်။
ထိကပ္မႈ
မိခင်နှင့်ကလေး အထိကပ်ဆုံးဖြစ်နေရပါမည်။ ကလေးကို အဝတ်အများအပြားနှင့် ထေွးမထားရပါ။ကလေး၏မေးစေ့သည် မိခင်၏သားမြတ်နှင့် ထိနေရမည်။ကလေး၏ပါးစပ်သည် ကျယ်ကျယ်ဟနေပြီး နှုတ်ခမ်းများလန်နေရမည်။အေရီယိုလာအမည်းကွင်း (Areola) သည် ကလေး၏ပါးစပ်အတွင်း၌ရှိနေရမည်။ကလေး၏ပါးစောင်သည် ချိုင့်မနေစေရပါ။ စည်းချက်ညီညီ စို့ယူခြင်းနှင့် မြိုချခြင်းရှိနေရမည်။ မေမေတို့ရေ သားသားမီးမီးတို့ကို စနစ်တကျနဲ့နို့ချိုတိုက်ကျေွးနိုင်စေဖို့ ဒီနည်းလမး်လေးတေွကို လိုက်နာကြဖို့တော့မမေ့ပါနဲ့နော်။ ဒါမှလည်း ရင်သေွးလေးကို နို့ချိုပြည့်ပြည့်ဝဝ လုံလောက်အောင်တိုက်ကျေွးနိုင်ပြီး မိခင်ရော၊ ကလေးပါကျန်းမာပျော်ရွှင်ရမှာဖြစ်ပါတယ်။
MiGi